26 April 2024

ကမ္ဘာ့နိုင်ငံများအနက် ပင်စင်စားများနေထိုင်ရန်အသင့်တော်ဆုံးနိုင်ငံများကို စစ်တမ်းကောက်ယူချက်အရ ထိုင်းနိုင်ငံအဆင့် ၅ ရပ်တည်။

ကမ္ဘာ့နိုင်ငံများအနက် ပင်စင်စားများနေထိုင်ရန်အသင့်တော်ဆုံး ၁၀ နိုင်ငံကို Retraite sans Frontieresမှ စစ်တမ်းကောက်ယူချက်အရ ထိုင်းနိုင်ငံက အဆင့် ၅ တွင်ရပ်တည်နိုင်ခဲ့သည်ဟု ပြင်သစ်အခြေစိုက် Capital မဂ္ဂဇင်းက ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ဖော်ပြထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဌာနီ စဲရတနာ ကဆိုသည်။

လူနေမှုစရိတ်၊ အိမ်ခြံမြေဈေးနှုန်း၊ ကျန်းမာရေးစနစ် စသည့်ညွှန်းကိန်း ၃ ခုပေါ်အခြေခံပြီး စစ်တမ်းကောက်ယူခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ နိုင်ငံများထဲတွင် ထိုင်းအပါအဝင် အာရှတိုက်မှ ၂ နိုင်ငံသာ ပါဝင်သည်ဟု ဆိုသည်။

ယင်းစစ်တမ်းအရ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ခရီးသွားလာရေးအကန့်အသတ်ရှိနေသော်လည်းထိုင်းနိုင်ငံ၏ခရီးသွားကဏ္ဍအားကောင်းနေသည်ကို ထင်ဟနေသည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS