11 May 2024

စက်တင်ဘာ ၈ ရက်၊ ၂၀၂၂

ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် Software များ အစားထိုးပြုပြင်ရန်လုပ်ငန်းများဆောင်ရွက်ရန်အတွက် လွန်ခဲ့တဲ့ ၂-၈-၂၀၂၂ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်း ရပ်တန့်ထားခဲ့ပြီးနောက် ဒီကနေ့ (၈/၉/၂၀၂၂) ရက်နေ့မှာ မြန်မာသံရုံးတွင် လူကိုယ်တိုင်လာရောက် ရက်ချိန်းတိုကင်ရယူထားသူများ၊ Call Center မှ ရက်ချိန်းရယူထားသူများအတွက်စတင်၍ ပြန်လည်ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ဖေ့ဘွတ်စာမျက်နှာတွင် ကြေညာထားပါတယ်။

စာအုပ်ထုတ်ပေးတဲ့စင်တာကို ၂ နေရာဖွင့်ထားပေးတယ်လို့သိရပါတယ်။ ရုံးသစ်ဘက် ( Sathorn -110) တွင် တိုကင်ရက်ချိန်း စုံ ဂဏန်းရထားသူများအတွက်ဖြစ်ပါတယ်။ ဥပမာ (၈) လပိုင်း- ၂ ရက်၊ ၄ ရက်၊ ၈ ရက်၊ ၁၀ ရက် ၊ ၁၆ ရက်များ တွင် ရက်ချိန်း ရယူထားသူများ သတ်မှတ်ပေးထားတဲ့ နေ့ရက်များအလိုက် အစားထိုး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

 

ရုံးဟောင်းဘက် ( Sathorn-132) ဘက်မှာတော့ တိုကင်ရက်ချိန်း မ ဂဏန်းရထားတဲ့သူများအတွက်ဖြစ်ပါတယ်။ ဥပမာ (၈) လပိုင်း- ၃ ရက်၊ ၅ ရက်၊ ၉ ရက်၊ ၁၁ ရက် ၊၁၅ ရက်များတွင် ရက်ချိန်းရယူထားသူများ သတ်မှတ်ပေးထားတဲ့နေ့ရက်များအလိုက် အစားထိုး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

 

စာအုပ်ထုတ်ပေးလုပ်ငန်း ခေတ္တရပ်ဆိုင်းထားစဉ် တိုကင်ရက်ချိန်းရယူထားပြီးသူများကိုသာ ဉီးစားပေး ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ တိုကင်ရက်ချိန်း အစားထိုး ဆောင်ရွက်ပေးသည့်လုပ်ငန်းများ ပြီးဆုံးမှသာ စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာနိုင်ငံသားအတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဆောင်ရွက်ပေးခြင်းလုပ်ငန်း များကို ပြန်လည်ဆောင်ရွက်ပေးသွားမည်ဟု ဖော်ပြချက်တွင် သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS