11 May 2024

,

မေလ ၃ရက်နေ့ ၂၀၂၂ ခုနှစ်တွင် သတင်းထောက်များက ဖော်ပြခဲ့ပါတယ်။ အစိုးရထိုင်းထီ ထွက်ရှိပြီးနောက် ၂၀၂၂ ခုနှစ် မေလ ၂ရက်နေ့တွင် ကံကောင်းသော လင်မယားစုံတွဲဖြစ် ကြသည့် Bang Krathum ခရိုင်တွင်နေထိုင်ကြသော ယောကျာ်း ဖြစ်သူ နော့ခဒုံ မာလိကု အသက် ( 39 ) နှစ် နှင့် မိန်းမဖြစ်သူ ဆယ်ဒေါင် အသက် ( 38 ) တို့ ဖြစ်ပြီး နှစ်ယောက်စလုံးက ရေခဲလိုက်ပို့ သည့် လုပ်ငန်းကို လုပ်ကိုင် ကြပါတယ်။

၂၀၂၂ ခုနှစ် မေလ၂ရက်နေ့တွင် အစိုးထီပေါက်စဥ်နံပါတ် 658642 ထွက်ရှိပြီး ဇနီးမောင်နှံ စုံတွဲကတော့ 658642 နံပါတ်ပါ ထီစောင် ၂တွဲ ကို ယူဆောင်လာကာ အသိပေးအပ်ခဲ့ ပါတယ်။

ခင်ပွန်းဖြစ်သူ နော့ခဒုံ မာလိကု က သတင်းထောက်များအား ထိုသို့ပြောကြားခဲ့ပါတယ်။ မေလ ၁ရက်နေ့တွင် မြို့တော် Phichit ခရိုင်ရှိ စည်ပင်သာယာစျေး(၂ ) တွင် ရေခဲများကို ဖောက်သည်များထံပို့ဆောင်ပေးခဲ့ပြီးနောက် ကျွန်တော်ကိုယ်တိုင် ထီစောင်လက်မှတ်ကို သွားဝယ်ခဲ့ပါတယ်။ နောက်ဆုံးနံပါတ် 624 ကို သဘောကျပြီး နံပါတ်လှလှလေးတွေ့တာ ကြောင့် တစ်စောင်ကို ဘတ် ၁၀၀ဖိုး နဲ့ ထီ ၂စောင်ကို ဝယ်ယူခဲ့ပါတယ်။

ထီထွက်လာသည့်အချိန်တွင် ဂဏန်းနံပါတ် ၆လုံးဟာ ပထမဆုနံပါတ် နဲ့ ကိုက်ညီနေခဲ့ ပါတယ်။ ကျွန်မတို့ လင်မယားနှစ်ယောက် ဟာ အိမ်မက်တစ်ခုလိုပါပဲ့။ ထီပေါက်ပြီး ရလာတဲ့ ပိုက်ဆံကို အကြွေးဆပ်ဖို့အတွက် သုံးမှာဖြစ်ပြီး ငွေတစ်ချို့ကိုတော့ လှူဒါန်း မှာဖြစ်ပါတယ်။ ကျန်ငွေများတော့ ကလေးရဲ့ပညာရေးအတွက်သိမ်းဆည်းထားမှာ ဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS