10 May 2024

မြို့တော်ဗန်ကောက်ရှိ ကမ္ဘာကျော်ခေါက်စန်လမ်းတွင် ဈေးရောင်းစားနေကြသော တရားမဝင်မြန်မာ နိုင်ငံသားများကို ယမန်နေ့က အသွင်ယူဖမ်းဆီးခဲ့သည်ဟု ထိုင်း လဝက မှထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ မြို့တော်ဗန်ကောက်အထင်ကရနေရာတစ်ခုဖြစ်သော ကမ္ဘာကျော်ခေါက်စန်လမ်းတွင် တရားမဝင်နေထိုင်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများက ရိုတီ(ပလာတာ)၊ Kebab စသည်တို့ကို တွန်းလှည်းဖြင့်ရောင်းစားနေကျ၍ ထိုင်းလူမျိုးများလုပ်စားကိုင်စားရန်အခက်တွေ့နေကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တိုင်းကြားမှုလက်ခံရရှိခဲ့သည်ဟု ဖော်ြပထားသည်။

ထို့နောက် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လဝက ဝန်ထမ်းများက ခရီးသွားအသွင်ယူပြီး သွားရောက် ထောက်လှမ်းရာ မှန်ကန်ကြောင်းတွေ့ရှိရ၍ လဝက ကတ်ပြပြီးဖမ်းဆီးခဲ့သည်။

 

 

မည်သို့ဆိုစေ မြန်မာနိုင်ငံသားတစ်ချို့က ရိပ်မိသွားပြီး ထွက်ပြေးတိမ်းရှောင်သွားသည့်အတွက် ၁၁ ဦးကို သာ ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးခံရသူများတွင် ထက်အောင် အသက် ၂၁ နှစ်၊ မိုးယံအေး အသက် ၂၀ နှစ်၊ ဟုန်ထိုင်း အသက် ၃၃ နှစ်၊ မောင်ဦး အသက် ၂၅ နှစ်၊ ထိုရေ အသက် ၁၉ နှစ်၊ မိစိုး အသက် ၃၀ နှစ်၊ အော်ကျွန် အသက် ၃၃ နှစ်၊ လေနေဝီ အသက် ၂၉နှစ်၊ စနေထွေး အသက် ၃၃ နှစ်၊ ဝယ် အသက် ၄၆ နှစ်၊ မူမူ အသက် ၂၈ နှစ် စသူတို့ပါဝင်ပြီး ၎င်းတို့သည် အထောက်အထားတစ်စုံတစ်ရာပြနိုင်ခြင်းမရှိကြောင်း ဖော်ြပထားသည်။

ထိုင်းနိုင်ငံ၏ နိုင်ငံခြားလုပ်သားစီမံအုပ်ချုပ်ရေးအမိန့် ဘီအီး ၂၄၆၀ ပြင်ဆင်(စောင် ၂ ) ဘီအီး ၂၅၆၁ ပုဒ်မ ၈ အရ နိုင်ငံခြားလုပ်သားများအား ကိုယ်ပိုင်ဈေးရောင်းစားခွင့်တားမြစ်ထားပြီး အဆိုပါ ဖမ်းဆီးခံရ သူများသည် ထိုင်းနိုင်ငံထဲသို့တရားမဝင် ဝင်ရောက်လာသူများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

 

 

ကနဦးတွင် ဖမ်းဆီးခံရသူများကို တရားမဝင် ပြည်ဝင်မှု၊ တရားမဝင်နေထိုင်လုပ်ကိုင်မှု၊ တားမြစ်အလုပ် အကိုင်လုပ်ကိုင်မှု စသည့်ပုဒ်မများဖြင့် စွဲချက်တင်ထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်

လဝက စုံစမ်းစစ်ဆေးရေးအရာရှိထံ အပ်နှံထားသည်ဟု ဆက်လက်ဖော်ြပထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS