12 January 2026

ဗန်ကောက်၊ ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၃

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ကန်ကျနဘူရီခရိုင်၊ စိုင်ယို့မြို့နယ်၊ စိုင်ယို့ကျေးရွာအုပ်စု၊ ထုကန့်ယန့်ကျေးရွာ၊ မူ-၃ မှာတည်ရှိတဲ့ ရေပေါ်အပန်းဖြေစခန်းတစ်ခုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက် နေ့လယ်ပိုင်းက မီး လောင်ကျွမ်းခဲ့တယ်လို့ နယ်မြေခံသတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

အခန်းပေါင်း ၁၄ ခုပါဝင်တဲ့ Saiyok Mantra Resort ရေပေါ်အပန်းဖြေစခန်းမှာ တည်းခိုခန်း ၁၃ ခုပါရှိပြီး စားသောက်ဖို့နဲ့အစီအစဉ်တွေပြုလုပ်ဖို့အတွက် ခန်းမ ၁ ခုပါရှိတယ်လို့ သိရှိပါတယ်။

 

 

နီးစပ်ရာမီးသတ်တပ်ဖွဲ့တွေက မီးသတ်ယာဉ်တွေရောက်ရှိလာပေမဲ့ လေပြင်းတဲ့အတွက် မီးကိုမထိန်းနို င်ဘဲ တည်းခိုခန်း ၁၁ ခုကို နာရီဝက်အတွင်းမှာတင် မီးလောင်ကျွမ်းသွားပြီးတော့ ဘတ် ၁၀ သန်း ဝန်းကျင် ဆုံးရှုံးနစ်နာမှုရှိမယ်လို့ ခန့်မှန်းထားပါတယ်။

မီးလောင်ကျွမ်းတဲ့အကြောင်းရင်းအမှန်ကို ဖော်ထုတ်နိုင်ဖို့အတွက် နယ်မြေရဲတပ်ဖွဲ့၊ တိုင်းလျှပ်စစ်ရုံး၊ သက်သေခံပစ္စည်းစိစစ်ရေးတပ်ဖွဲ့ စတဲ့ဌာနကဝန်ထမ်းတွေရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်နေ တယ်လို့ သိရှိရပါတယ်။

အဆိုပါ ရေပေါ်အပန်းဖြေစခန်းကို သံအခင်း၊ ထင်းရူးတိုင်၊ သက်ကယ်မိုးတွေနဲ့ ဆောက်လုပ်ထားတယ် လို့ ဖော်ပြထားပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS