22 November 2024

သြဂုတ် ၃၀ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံ၊ မဲဆောက်ရှိ သဘာဝတရားရိပ်သာတွင် မြန်မာစစ်တပ်စပိုင်တချို့ အပါဝင် အထောက် အထားမဲ့သူ ၃၈ ဦးကို ဖမ်းထားတယ်ဟု ထိုင်းသတင်းဌာန Matichon ကဖော်ပြထားပါတယ်။

မယ်ပရှိ သဘာဝတရားရိပ်သာမှာ မဲဆောက်ဘက်ကိုစစ်ရှောင်လာတဲ့ပြည်သူတွေကို နေဖို့ထိုင်ဖို့ အဆောက်အအုံနှင့် အစားအသောက်တွေကို မဲဆောက်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကူညီပေးတဲ့ ရိပ်သာတစ်ခုဖြစ်နေကာ ထိုင်းတွင် နာမကျန်းဖြစ်နေတဲ့ မြန်မာရွှေ့့ပြောင်းလုပ်သားတွေကို ကူညီပို့ပေးတဲ့နေရာလဲဖြစ်တယ်ဟု ရိပ်သာတာဝန်ခံတစ်ဦးပြောပါတယ်။

“သတင်းဌာနတွေကတော့ ဘယ်လိုရေးလဲမသိဘူးဗျ၊ လာဖမ်းသွားတာမှန်ပေမယ့်၊ စပိုင်ဆိုလား ဘာဆိုလားရိပ်သာကလူတွေတောင်မသိရဘူး၊ ဘုန်းကြီးနဲ့သီလရှင်တွေကတော့ အထောက်အထားမရှိလို့ဖမ်းခေါ်သွားတယ်။ ဖမ်းသွားတဲ့အထဲမှာလဲ စိတ်ကျန်းမာရေးမကောင်းတဲ့ သူတချို့တွေပါတယ်။ စိတ်ကျန်းမာရေးမကောင်းတဲ့သူက ပြောချင်ရာပြောတတ်တယ်။ သူ့ကိုကြည့်လိုက်ရင် လူကောင်းတစ်ယောက်လိုပါပဲ ဖြစ်နေတာလဲကြာပြီ” ဟု ရိပ်သာနဲ့ဆက်စပ်မှုရှိတဲ့ TCTF တာဝန်ခံတစ်ယောက်က Myanmar Live ကိုပြောပါတယ်။

ဦးစီးဦးဆောင်လာဖမ်းတာက မဲဆောက် ထိုင်းသံဃနာယက တွေပါ။ အာဏာပိုင်တချို့တဝက်တော့ပါတယ်။ ကျနော်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားရမယ်။ စစ်ရှောင်တွေကို အရင်တုန်းကလဲ လိုအပ်ရင် လိုအပ်သလို ပူးပေါင်းပြီးပို့ပေးတယ်။ ခုလဲလုပ်နေတယ် ။ နောင်လဲဆက်လုပ်သွားမယ်။ လိပ်ပြာလုံပါတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့ မဲဆောက်အုပ်ချုပ်ရေးအာဏာပိုင်များက မယ်ပတွင် ဖွင့်လှစ်ထားသော သဘာဝတရားရိပ်သာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး၊ မယ်ပ သဘာဝတရားရိပ်သာမှာ ၃ ထပ်အဆောက်အအုံတွင် ဘုန်းကြီး၊ သီလရှင်နှင့် မြန်မာနိုင်ငံသား ၃၈ ဦးကို တွေ့သွားပြီး၊ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် အ ထောက် အထားများ စစ်ဆေးသောအခါ မည်သူ့တွင်မှ အထောက်အထားမရှိလို့ ဖမ်းသွားတာဖြစ်ပါတယ်။ အဆိုပါ ဖမ်းဆီးရမိသူများကို မဲဆောက်အာဏာပိုင်များက ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ပြီးလျှင် ပြန်ပို့ခြင်းခံရမှာဖြစ်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS