ဩဂုတ် ၂၇ ရက်၊ ၂၀၂၁
မူးယစ်သံသယတရားခံတစ်ဦးကိုလူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ရဲမှူးကျို့နှင့်ကြံရာပါရဲ ၆ ဦးအမှုကို မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ
လွှဲပြောင်းပေးရန် ဆောင်ရွက်နေသည်ဟု ထိုင်းရဲချုပ်ဆို။
ထိုင်းနိုင်ငံအလယ်ပိုင်း နခေါ်စဝမ်နယ်မြေရဲစခန်းအတွင်း မူးယစ်ဆေးဝါးသံသယတရားခံတစ်ဦးအား စစ်ကြောရေးတွင် အိတ်မည်းဖြင့်ခေါင်းစွပ်၍
ဘတ်ငွေ ၂ သန်းညှစ်ယူသည့် ရဲ ၇ ဦးအမှုကို ထိုင်းနိုင်ငံမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်းရန် စာရွက်စာတမ်းပြုစုနေသည်ဟု ထိုင်းရဲချုပ်
ရဲဗိုလ်ချုပ်ကြီးစူဝပ် ကျဲ့ယော့စွတ် ကဆိုသည်။
အဆိုပါမှုခင်းနှင့်ပတ်သက်ပြီး မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ထိုင်းရဲဌာနချုပ် တိုင်း- ၆ အပါအဝင် နခေါ်စဝမ်းခရိုင်နှင့်တောက်လျှောက်ပူးပေါင်းပါဝင်မှု
ရှိခဲ့၍ ၎င်းမှုခင်းအသွားအလာကိုနားလည်ပြီး ကျွမ်းကျင်မှုရှိသည်ဟု ရဲချုပ်ကဆိုသည်။ ပါဝင်ပတ်သက်သူများကို ကွင်းဆက်ရှာဖွေတွေ့ရှိပါက
ပလခြင်းမရှိဘဲအရေးယူဆောင်ရွက်သွားမည်ဟု ထပ်လောင်းပြောကြားသည်။
သံသယတရာခံ နှင့် ပါဝင်ပတ်သက်သူများသည်လွတ်လပ်စွာထွက်ဆိုပိုင်ခွင့်ရှိပြီး ပါဝင်ပတ်သက်မှုရှိသည်ဟုအထောက်အထားခိုင်လုံပါက ပြတ်ပြတ်
သားသားအရေးယူးသွားမည်ဟုဆိုသည်။ ထို့ပြင် ရဲမှူးကျို့၏ပုံမှန်မဟုတ်သည့်ချမ်းသာကြွယ်ဝမှုအပေါ် အများပြည်သူ၏မေးခွန်းထုတ်ခြင်းကိုခံရပြီး
နောက်သက်ဆိုင်ရာဌာနများနှင့်ပူပေါင်းပြီး သံသယတရားခံ ၇ ဦးစလုံး၏ငွေလမ်းကြောင်းများကို စစ်ဆေးနေသည်ဟု ဆိုသည်။
ထိုင်းရဲချုပ်အနေဖြင့် သံသယတရားခံများကိုဖမ်းဆီးရမည့်တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နိုင်သည့်အတွက်စိတ်ကျေနပ်မိပြီး ပြစ်မှုထင်ရှား
ကြောင်းသက်သေခိုင်လုံပါက အရေးယူဆောင်ရွက်သွားမည်ဟု အတည်ပြုပြောကြားသည်။