29 November 2023

,

Indonesia Grand Prix ပြိုင်ပွဲမှာ ဦးဆုံးပန်းဝင်နိုင်ခဲ့တဲ့နောက် ပထမဆုံးထိုင်းလူမျိုး Moto2 ချန်ပီယံဖြစ်လာတဲ့ “Kong”

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှာကျင်းပတဲ့ခဲ့ Moto2 Class မော်တော်ဆိုင်ကယ် အမောင်းပြိုင်ပွဲမှာ IDEMITSU Honda အသင်းကဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းလူမျိုး “Kong” ဟာ ၂၅ မိနစ် ၄၀.၈၇၆ စက္ကန့်နဲ့ပန်းဝင်နိုင်ခဲ့ပြီး ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့နောက် ပထမဆုံး ထိုင်းလူမျိုး Moto2 Class တန်း ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့တဲ့အသက် ၂၃ နှစ်ရှိသူ Kong ဟာ ကမ္ဘာ့အဆင့် ၁၄ ဆင့်အထိခုန်တက်ခဲ့ပြီး ၂၅ မှတ်ရရှိထားကာ ကမ္ဘာ့အဆင့် ၄ မှာရပ်တည်နိုင်ခဲ့ပါတယ်။

ပူပူနွေးနွေချန်ပီယံဟာ ဒီရာသီရဲ့တတိယမြောက်ကွင်းအဖြစ် အာဂျင် တီးနားနိုင်ငံမှာကျင်းပမယ့် “Argentina Grand Prix” ပြိုင်ပွဲကို လာမယ့်ဧပြီလ ၃ ရက်နေ့မှာသွားရောက် ယှဉ်ပြိုင်ပွဲရမှာ ဖြစ် ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS