26 April 2024

————————–

ဗန်ကောက် ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃

ထိုင်းရှိမြန်မာလုပ်သားများ စာအုပ်သက်တမ်းတိုးမယ့်သူတွေကို စနေနေ့တိုင်း ရက်ချိန်း (တိုကင်)ပေးသွားမည်ဟု ဗန်ကောက်ရှိမြန်မာသံရုံးကထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၇ ရက်၊ ၂၀၂၃ (စနေနေ့) တွင် ရက်ချိန်းတိုကင် (၆၁၄၂) ဉီး ပေးနိုင်ခဲ့ပြီး၊ ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၃ (စနေနေ့) မှာတော့ (၄၁၉၅) ဉီးကို စနစ်တကျ ရက်ချိန်းပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ရက်ချိန်းတိုကင်လာယူသူတွေအတွက်၊ အဆင်မပြေမှုတွေရှိခဲ့ပေမယ့်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာတော့ အားလုံးပါဝင်ပူးပေါင်းပေးကြလို့ စနစ်တကျနဲ့ အဆင်ပြေမှုတွေရှိလာခဲ့တယ်လို့ သိရပါတယ်။

၇-၁-၂၀၂၃ ရက်နေ့ကို သင်ခန်းစာကိုယူပြီး မြန်မာနိုင်ငံသားများ ကြုံတွေ့ခဲ့ရသည့်အခက်အခဲများအပေါ် ကြိုတင်ပြင်ဆင်ရမည့် လိုအပ်ချက်များကို သိရှိခဲ့သည့်အတွက် မြန်မာသံရုံးတာဝန်ရှိသူများမှ ပြင်ဆင်ပေးခြင်း၊ တိုကင် လာရောက်ယူသူများမှလည်း ပူးပေါင်းကူညီလာခြင်း၊ ထိုင်းအာဏာပိုင်အဖွဲ့အစည်းများမှလည်း အကူအညီပေးခြင်းတို့ကြောင့်စနစ်တကျ ရက်ချိန်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုနောက် လာမည့်စနေနေ့များမှာ ကိုယ်တိုင်လာရောက်သူတိုင်းကို ရက်ချိန်းပေးမည်ဖြစ်၍ ယခုကဲ့သို့ ပူးပေါင်းအကူအညီများပေးကြပါရန်နှင့် ပူးပေါင်းပေးကြသူတွေအားလုံးကို သံရုံးအနေနဲ့ ကျေးဇူးတင်တယ်လို့ ဗန်ကောက်ရှိ၊ မြန်မာသံရုံးဘက်က ထုတ်ပြန်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

အချက်အလက် ဗန်ကောက်သံရုံးထုတ်ပြန်ချက်

SHARE THIS NEWS

OTHER NEWS