29 April 2024

,

ထိုင်းအမျိုးသမီးဘော်လီဘောအသင်း ပထမဆုံးအကြိမ် နေးရှင်းလိဂ် ကွာတားဖိုင်နယ် တက်ရောက်။

အမျိုးသမီးဘော်လီဘော နေးရှင်းလိဂ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းဟာ ၁၂ ပွဲကစားထားတဲ့နောက်မှာ ၁၅ မှတ်ရယူနိုင်ခဲ့တာကြောင့် အဆင့် ၉ နေရာမှာရပ်တည် နေတဲ့ ဒိုမီနီကန်အသင်းကို ၁ မှတ်အသာနဲ့ ကွာတားဖိုင်နယ်အဆင့်ကို သမိုင်းဝင်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါ တယ်။

ထိုင်းအမျိုးသမီးအသင်းအနေနဲ့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ အီလတီအသင်းကို ပွဲငယ် ၃-၀ ပွဲ နဲ့အရေးနိမ့်ခဲ့ပေမဲ့ အဆင့် ၈ နေရာကိုအပြိုင်လုနေတဲ့ ဂျာမနီအသင်းက အမေရိကန်အသင်းကို ပွဲငယ် ၃-၁ ပွဲဖြင့်ရှုံးနိမ့်ခဲ့တာကြောင့် ထိုင်းအသင်းက အဆင့် ၈ နေရာကိုသိမ်းပိုက်ပြီး ကွာတာဖိုင်တယ်ကိုတက် လှမ်းနိုင်ခဲ့ပါတယ်။

ထိုင်းအသင်းနဲ့အတူ အမေရိကန်၊ဘရာဇီး၊ ဂျပန်၊ အီတလီ၊ တရုတ်၊ တူရကီ (အိမ်ရှင်)၊ ဆားဗီးယား စတဲ့အသင်း ၇ သင်းနဲ့အတူ ကွာတားဖိုင်နယ်ကိုတက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ရှုူံးထွက်အဆင့်ပွဲစဉ်တွေကို လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တူရကီနိုင်ငံ Ankara မြို့မှာကျင်းပသွားမှာဖြစ်ပြီး ထိုင်းအသင်းကတော့ အိမ်ရှင်အသင်းနဲ့ယှဉ်ပြိုင်ရမယ်လို့သိရပါတယ်။

ဝမ်းဇီ

SHARE THIS NEWS

OTHER NEWS