1 January 2026

စက်တင်ဘာ ၂၈ ရက်နေ့ ၂၀၂၁

 

ထိုင်းကိုနယ်စပ်ဖြတ်ကျော် တောလမ်းခရီးဖြင့် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၂ ဦးကိုဖမ်းဆီးရမိထားတယ်လို့ ကန်ကျန်ဘူရီခရိုင် ဒေသခံသတင်းတွေမှာ ဖော်ပြထားပါတယ်။

 

 

မြန်မာ ၂၂ ဦးသည် ရန်ကုန်နဲ့ မော်လမြိုင်ကနေလာခဲ့ကြပြီး ထိုင်းနိုင်ငံစမုဆာခွန်ခရိုင်ကို အလုပ်သွားလုပ်ဖို့အတွက်လာခဲ့ကြကြောင်း ဖမ်းမိတဲ့မြန်မာအလုပ်သမားထံကသိရပါတယ်။

 

 

၄င်းတို့ကို စက်တင်ဘာလ ၂၇ ရက်၊ ထိုင်းအချိန် ၁၃.၃၀ မိနစ်အချိန်မှာ နယ်ခြားစောင့် ထိုင်းစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိထားတာဖြစ်ပြီး။ ထိုင်းကိုဝင်ရောက်ဖို့ ပွဲစားခကို ၂၂၀၀၀ ဘတ်စီကုန်ကျခဲ့တယ်လို့ သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ ဓါတ်ပုံ-ข่าวภูมิภาคกาญจนบุรี

SHARE THIS NEWS

OTHER NEWS