2 January 2026

,

ရီးရဲမက်ဒရစ်ကိုပြောင်းရွှေ့ဖို့ ပိုမိုနီးစပ်လာတဲ့ မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာ

■မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းပြည့်တော့မယ့်ပေါ့ဘာဟာ လက်ရှိအချိန်ထိ စာချုပ်သက်တမ်းတိုးမြှင့်မယ့်အရိပ်အယောင်မပြသေးတဲ့အတွက် လာမယ့် နွေရာသီမှာ အသင်းက ထွက်ခွာဖို့သေချာသလောက်ရှိနေပါတယ်။

ပေါ့ဘာဟာ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာဖြစ်ပြီးတော့ ပေါ့ဘာကို ခေါ်ယူဖို့ အတွက် စပိန်အင်အားကြီးအသင်း ရီးရဲမက်ဒရစ်က လုပ်ခလစာ တစ်နှစ်ကို ယူရို ၁၄သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ စပိန်သတင်းဌာနဖြစ်တဲ့ ABC သတင်းက ဖော်ပြခဲ့ပါတယ်။

ပေါ့ဘာရဲ့ အေးဂျင့် ရွိုင်းအိုလာဟာ ပေါ့ဘာကို ရီးရဲမက်ဒရစ်ကိုပြောင်းရွှေ့ဖို့အတွက်တွန်းအားပေးနေ ကြောင်းနဲ့ ပေါ့ဘာကိုယ်တိုင်ကလည်း ကလပ်အသင်းနဲ့အောင်မြင်မှုတွေရဖို့အတွက် မန်ချက်စတာယူနိုက် တက်ကိုစွန့်ခွာဖို့ ဆန္ဒရှိနေသလို ရီးရဲမက်ဒရစ်မှာ ပြင်သစ်ကစားဖော်တွေဖြစ်တဲ့ ဘန်ဇီမာ၊ ဘာပေတို့နဲ့အတူ တွဲဖက်ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS