27 April 2024

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံအယုဒ္ဓယခရိုင်အပါဝင်ကျောက်ဖရားမြစ်နဲ့ နီးစပ်တဲ့ခရိုင်တွေမှာရေတွေမြင့်တက်လျှံကျလာတာကြောင့် မြစ်ကမ်းနံဘေးနဲ့ အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနေပါတယ်။

လက်ရှိတွင် အုဘွန်ရာ့ချ်ဌာရီခရိုင်နှင့် လွယ်အက်ခရိုင်တွင်းမှာတော့ အိမ်ခေါင်မိုးအထိရေတက်နေတယ်လို့သိရပါတယ်။ အယုဒ္ဓယခရိုင်တွင်းမှာဆိုရင် ရှေးဟောင်းသမိုင်းယဉ်ကျေးမှု ဘုရားစေတီပုထိုးနဲ့ အဆောက်အဦတွေတည်ရှိရာ နေရာပေါင်း ၇၀ မှာ ရေလွှမ်းနေတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။

ဗန်ကောက်၊ နွန်ထဘူရီ၊ စမုဆုန်ခရာမ်၊ စမွတ်စခွန်း၊ ရာ့ချ်ပူရီ စတဲ့ခရိုင်များဟာ ကျောက်ဖယားမြစ်ကမ်းဘေးမှာ ရှိတာကြောင့် ရေကြီးမှုအန္တရာယ်ကာကွယ်ဖို့ မြစ်ကမ်းတလျှောက်မှာ သဲအိတ်တွေ ဖို့ထားရပါတယ်။

ထိုင်းမှာ လက်ရှိအခြေအနေက မိုးမရွာပေမယ့် မြောက်ပိုင်းရေကြီးမှုက ဖြစ်လာတဲ့ရေတွေ ကျောက်ဖရားမြစ်ထဲ စီးဆင်းလာတာကြောင့် ရေပြည့်လျှံလာတာဖြစ်ပါတယ်။

စူရတ်ဌာနီ၊ ဖန်င၊ ကရပီ၊ ချွန်းဖွန်း၊ ဆုန်ခလာ စတဲ့ ဒေသအချို့မှာ ရေကြီးနိုင်မယ်လို့ ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – วารินชำราบบ้านเฮา อุบลราชธานี

SHARE THIS NEWS

OTHER NEWS