22 November 2024

ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် အလုပ်ရှင်ထံမှ လုပ်ခလစာနှင့်အစားအသောက်မရရှိ၍ ထွက်ပြေးလာသည့် တရားမဝင်မြန်မာလုပ်သား ၉ ဦး ဖမ်းဆီးခံရ။

 

မဲဆောက်မြို့နယ်၊ ထာ့စိုင်လွတ်ကျေးရွာအုပ်စု၊ ဝမ်တခင်ယန်ကျေးရွာအောက်ပိုင်းရှိ ဇရပ်တစ်ခုတွင်အထုပ်အပိုးနှင့်လူတစ်စုကိုတွေ့ရှိရသည်ဟု ရွာခံများထံမှသတင်းရရှိပြီးနောက် နယ်ခြားစောင့်တပ်မှသွားရောက်စစ်ဆေးရာ တရားဝင်အထောက်အထားတစ်စုံတစ်ရာမပြနိုင်သည့် မြန်မာနိုင်ငံသား ၉ ဦး (အမျိုးသား ၁ ဦး၊ အမျိုးသမီး ၈ ဦး)ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု SAQ News သတင်းဌာနမှဖော်ပြထားသည်။

 

၎င်းတို့သည့် အမည်မသိသည့်တောလမ်းတနေရာမှထိုင်းနိုင်ငံကိုခိုးဝင်လာခဲ့ကြပြီး အလုပ်ရှင်တစ်ဦးထံတွင် ၂ လခန့်အလုပ်လုပ်ကိုင်ပြီးနောက် လုပ်ခလစာနှင့်အစားအသောက်မရရှိ၍ မော်တော်ကားငှားပြီး ထွက်ပြေးလာခဲ့ရာ ယာဉ်မောင်းကလမ်းခုလတ်တစ်နေရာတွင်စွန့်ပစ်ထားခဲ့သည်ဟုတစ်သံတည်း ထွက်ဆိုကြသည်။

 

နယ်ခြားစောင့်တပ်မှ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့နှင့်သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ပြီး၎င်းတို့ကို ကိုဗစ်-၁၉ စစ်ဆေးကြည့်ရာ ပိုးမရှိကြောင်း သိရှိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလမှ နိုဝင်ဘာလလယ်ပိုင်းအထိ တာ့ခ်ခရိုင် မဲဆောက်၊ ထာဆောင်ယန်၊ မဲလမ၊ ဖွပ်ဖရ စသည့်မြို့နယ်များတွင် တရားမဝင်ခိုးဝင်လာသူဦးရေ ၈၀၀ ရာကျော်ဖမ်းဆီးနိုင်ခဲ့ပြီး လမ်းပြ ၂၈ ဦးဖမ်းဆီးနိုင်ခဲ့သည်ဟု နရဲစမ်နယ်ခြားစောင့်တပ် ကဆိုသည်။

 

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS