3 May 2024

ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၂

တရုတ်နိုင်ငံမှာ တစ်ရက်လျှင် ကိုဗစ်၁၉ ကူးစက်လူနာ ၁ သန်းအထိရှိလာပြီး၊ လက်ရှိတွင် လူသန်း ၂၅၀ ကို ကူးစက်ပြန့်နှံ့နေပါတယ်။

တရုတ်နိုင်ငံမှာ တစ်ရက်လျှင် ကိုဗစ်၁၉ ကူးစက်လူနာ ၁ သန်းဦး အထိရှိလာပြီး၊ လက်ရှိတွင် လူသန်း ၂၅၀ ဦးကို ကူးစက်ပြန့်နှံ့နေပါတယ်ဟု နိုင်ငံတကာသတင်းတွေကဖော်ပြထားပါတယ်။

ကူးစက်မှုပမာဏမှာ အကြမ်းဖျင်းအားဖြင့် တရုတ်လူဦးရေ (၁.၄) ဘီလီယံ၏ (၁၄) ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာတဝန်း အကြီးမားဆုံး COVID-19 ကူးစက်ဖြစ်ပွားမှုလည်း ဖြစ်နေတယ်လို့ ဖော်ပြချက်ရသိရပါတယ်။

တရုတ်နိုင်ငံမှာ ဒီဇင်ဘာလ ရက် (၂၀) အတွင်း လူဦးရေ သန်း (၂၅၀) နီးပါးအထိ COVID-19 ကူးစက်ခံထားရဖွယ်ရှိကြောင်းခန့်မှန်းထားကြပြီး၊ နှစ်သစ်ကူးကာလတွင် တစ်ရက် ၂ သန်းဦးအထိ ကူးစက်မှုရှိလာနိုင်ကြောင်း ထိုင်းသတင်းဌာနများက ပြန်လည်ရေးသားထားကြပါတယ်။

ဒီကနေ့နောက်ဆုံးရသတင်းထဲမှာတော့ ဆေးရုံတွင် ကုသမှုယူနေသူ ၁၃၅၀၀ ဦးရှိနေပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်း Shandong ပြည်နယ်ရှိ Qingdao မြို့တွင် တစ်ရက်လျှင် လူဦးရေ သန်းတစ်ဝက် COVID-19 ကူးစက်ခံနေရတယ်လို့ အကြီးတန်း ကျန်းမာရေးအရာရှိတစ်ဦးက ထုတ်ဖော်ပြောခဲ့ပါတယ်။

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင်လည်း ကူးစက်မှုများ မြင့်တက်နေပြီး တရုတ်ပြည်သူတွေဟာ ကိုဗစ်၁၉ စစ်ဆေးမှုပြုလုပ်ရန်အတွက် ATK ကိရိယာ အလုအယက်ဝယ်နေကြပြီး၊ ကိုဗစ်၁၉ ကူးစက်ခံနေရပါက ကျန်းမာရေးဌာနများထံမှာတင်ပြစရာမလိုတော့သလို၊ အလုပ်ကိုလဲ ပုံမှန်သွားရောက်လုပ်ကိုင်နိုင်တဲ့ ဖြေလျှော့မှုရထားတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာ ကိုဗစ်၁၉ ထိန်းချုပ်တာနဲ့ပတ်သတ်ပြီး တရုတ်ပြည်သူတွေဟာ ဆန္ဒပြမှုတွေရှိလာခဲ့ပြီးနောက် ရှီကျင့်ဖျင် အစိုးရဘက်က ယခုလိုဖြေလျှော့မှုပေးခဲ့တာဖြစ်ပါတယ်။

အစိုးရသတင်းဌာနက ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် နိုင်ငံ၏ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Zhong Nanshan က တရုတ်တွင် ပျံ့နှံ့နေသည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်မှာ အလွန်ကူးစက်နိုင်ပြီး ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်မှုကို ဦးတည်ပြီးလူတစ်ဦးကနေ နောက်ထပ် လူ (၂၂) ဦးကို ကူးစက်စေနိုင်တဲ့ အခြေအနေမှာရှိနေတာကြောင့် ဒီကူးစက်ကွင်းဆက်ကို လုံးဝ ဖြတ်တောက်ပစ်ဖို့ ခက်ခဲပါလိမ့်လို့ Zhong Nanshan ခန့်မှန်း ပြောဆိုထားပါတယ်။

ကိုချစ် ဇွဲကပင်မြေ

Ref: PPTV, Zhong Nanshan

ဓါတ်ပုံ- Jennufer

SHARE THIS NEWS

OTHER NEWS