1 January 2026

မြို့တော်ဗန်ကောက်အနီးရှိ မြောက်တောင်ဌာနီတွင် ၁၂ ရက်ကြာကျင်းပခဲ့သည့် မော်တော်ကားအရောင်းပြပွဲ (Motor Expo) တွင် တော်တော်ကားအစီးရေ ၃ သောင်းကျော်ရောင်ချခဲ့ပြီး ဝင်ငွေ ဘတ် ၄၃ ဘီလျံရရှိခဲ့ဟု ဆို။

 

အဆိုပါ မော်တော်ကားအရောင်းပြပွဲတွင် မော်တော်ကားအစီးရေ ၃၁,၅၈၃ ရောင်းထွက်ခဲ့ပြီး ရောင်းအားစုစုပေါင်း ဘတ် ၄၃ ဘီလျံရရှိခဲ့သည်ဟု ပွဲကျင်းပရေးဉက္ကဋ္ဌကဆိုသည်။

 

 

ထို့ပြင် မော်တော်ဆိုင်ကယ်အစီးရေ ၃,၂၅၃ ရောင်းထွက်ခဲ့ပြီး အွန်လိုင်းနှင့်အော့ဖ်လိုင်းမှလာရောက်ကြည့်ရှုသူ ၁,၁၅၁,၅၄၀ ဦးရှိခဲ့ကာ ပွဲတော်ဗီဒီယိုကိုဝင်ရောက်ကြည့်ရှုမှု ၁,၈၁၉,၁၂၃ ကြိမ်ရှိခဲ့သည်ဟု ဆိုသည်။

 

ရောင်းထွက်ခဲ့သည့်မော်တော်ကားများတွင် SUV မော်တော်ကား ၄၉.၈%၊ စလွန်းကား ၃၅.၁%၊ ပစ်ကပ် ကား၁၀.၆%၊ အခြားမော်တော်ကား ၄.၅% ပါဝင်သည်ဟုသိရပြီး မော်တော်ကားတစ်စီး၏ပျမ်းမျှတန်ဖိုး မှာ ဘတ် ၁,၃၀၈,၀၅၃ ရှိပြီးမော်တော်ဆိုင်ကယ်တစ်စင်း၏ပျမ်းမျှတန်ဖိုးမှာ ဘတ် ၃၉၈,၈၃၁ ရှိသည် ဟုဆိုသည်။

 

ထို့ပြင် တရုတ်မှထုတ်လုပ်သည့် POCCO အသေးစားလျှပ်စစ်မော်တော်ကား ၃၇ စီးရောင်းချခဲ့သည်ဟုဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS