2 May 2024

,

ကမ္ဘာ့အဆင့် E-Sport ပြိုင်ပွဲကျင်းပရေးလုပ်ငန်းများဖြစ်တဲ့ ESL နဲ့ FACEIT တို့ကို ဒေါ်လာ ၁.၅ ဘီလျံ ဖြင့် ဆော်ဒီမင်းသား ဝယ်ယူ။

ကမ္ဘာ့အဆင့် E-Sport ပြိုင်ပွဲကျင်းပရေးလုပ်ငန်းများဖြစ်တဲ့ ESL နဲ့ FACEIT တို့ကို Savvy Gaming Group က ကန်ဒေါ်လာ ၁.၅ ဘီလျံ (ဘတ် ၄၉.၅၇ ဘီလျံ) နဲ့ဝယ်ယူလိုက်တယ်လို့ ဂျာမနီသတင်းဌာနတစ်ခုဖြစ်တဲ့ Handelsblatt ကဖော်ပြခဲ့ပါတယ်။

Savvy Gaming Group ဟာ ဆော်ဒီမင်းသား မိုဟာမက် ဘင် ဆာလမန်ရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့ဆော်ဒီအာရေဗျရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု (PIF) က ကျောထောက်နောက်ခံပေးထားတဲ့ ဂိမ်းလုပ်ငန်း တစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုတစ်ခုဖြစ်တဲ့ PIF ဟာ ပေါင် ၃၂၀ ဘီလျံအထိချမ်းသာကြွယ်ဝသလို ကမ္ဘာ့လုပ်ငန်းကြီးများဖြစ်တဲ့ Disney, Uber, Facebook, Pfizer, Bank of America အပါအဝင်အင်္ဂလိပ်ပရီးမီးယားလိဂ်က နယူးကာဆယ်အသင်းမှာလည်း ရှယ်ယာပါဝင်ထားတာဖြစ်ပါတယ်။

Savvy Gaming Group ရဲ့ခြေလှမ်းကနေ အရှေ့အလယ်ပိုင်းက E-sport ကဏ္ဍကို အတိုင်းအတာတစ်ခုအထိတိုးတက်လာစေမယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS