10 May 2024

ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၂

မြန်မာ-ထိုင်းနယ်စပ် ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်တွေ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား ၃၆၅ ဦးကိုဖမ်းဆီးလိုက်တယ်လို့ ဒေသတွင်း မီဒီယာများကဖော်ပြထားပါတယ်။

 

 

ဒီကနေ့ နံနက် ၁ နာရီအချိန်မှာ ၁၃၅ ဦးကိုဖမ်းလိုက်တာပါ။ သူတို့ကို နောင်ခမ်ကျေးရွာ ကော့လတ်ကျေးရွာအုပ်စု ပရာကျွတ်ခီရီခမ်မြို့နယ် ပရာကျွတ်ခီရီခမ်ခရိုင်တွင်းဖြစ်ပါတယ်။

 

 

ဒီကနေ့ မနက် ၆ နာရီအချိန်မှာတော့ ၂၃၀ ဦးနဲ့ လမ်းပြ ၃ ဦးကိုတော့ သရက်ပင်ကျေးရွာ ဝမ်ကရကျယ်ကျေးရွာအုပ်စု ဆိုင်ယို့မြို့နယ် ကန်ကျနဘူရီခရိုင်တွင် ဖမ်းမိတယ်လို့ ဒေသတွင်းမီဒီယာကဖော်ပြထားပါတယ်။ ၂၃၀ ဦးထဲမှာ အမျိုးသား ၁၃၇ ဦးနဲ့ အမျိုးသမီး ၉၃ ဦးဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ ၃၀၀ ကျော်မှာ ထိုင်းမှာအလုပ်ရဖို့ ၁ ဦးကို ၁၈၀၀၀ ကနေ ၂၅၀၀၀ ဘတ်အထိ ပွဲစားကိုပေးခဲ့ရတယ်လို့ ဖမ်းမိတဲ့မြန်မာလုပ်သားတွေထံက သိရပါတယ်။ မြန်မာနိုင်ငံ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်၊ မကွေး၊ ရခိုင်၊ နေပြည်တော်၊ ထားဝယ်၊ ပလောင် မန္တလေး၊ ဧရာဝတီ၊ ကလို့သိရပါတယ်။ ထိုင်းကိုဝင်ရောက်လုပ်ဖို့ လာခဲ့ရာကနေ နယ်စပ်ခရိုင်တွေမှာ ဖမ်းဆီးခြင်းခံလိုက်ရတာပါ။ သူတို့တွေကို ဥပဒေအတိုင်းအရေးယူခြင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ

Photo: Army PR Center #ข่าวแรงงานต่างด้าว #Andrew_KC

SHARE THIS NEWS

OTHER NEWS