3 May 2024

လူမှုကွန်ရက်မှာ “ထမင်းမစားပဲနေနိုင်တယ်…လက်ဖက်ရည်မသောက်ရပဲမနေနိုင်ဘူး” ဆိုပြီး ပြောရင်း ဖေ့ဘွတ်ပေါ်မှာ နာမည်ကြီးခဲ့တဲ့ YGW ပြုစုစောင့်ရှောက်ရေး ပုသိမ်ကြီး က အဘွားမေကြည်ခင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။

 

 

ဟန်ဆောင်မှုကင်းမဲ့စွာ ပြန်ပြောဟန် ရိုးရှင်းပွင့်လင်းစွာ ဟက်ဟက်ပက်ပက် ရယ်မောဟန်နဲ့ ခပ်စွာစွာ စကားပြန်ပြောတတ်တဲ့ အဖွားရဲ့ ဗီဒီယိုဖိုင်တွေဟာ တစ်ချိန်က လူမှုကွန်ရက်အသုံးပြုသူတွေကြာ viral video ဖြစ်ခဲ့ပြီး အများက ကြိုက်နှစ်သက်ခဲ့ ကြပါတယ်။

 

 

လူတိုင်းကို ပျော်ရွှင်စေသူ ၊ လက်ဖက်ရည်ကြိုက်တဲ့ အဘွားဟာ အသည်းကင်ဆာရောဂါနဲ့ ဆေးရုံတက် ကုသခံရင်း ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ အဘွားက ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီဖြစ်ပါတယ်။

ယနေ့ နေ့လည် ၁-နာရီတွင်အေးရိပ်ငြိမ် သုဿာန်သို့ ပို့ဆောင် သဂြိုလ်မှာဖြစ်ကြောင်း သိရပါတယ်။

SHARE THIS NEWS

OTHER NEWS