10 May 2024

——————–

ဗန်ကောက် ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၃

မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တွေပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ ၆ ဦးသေဆုံးပြီး၊သက်သေခံပစ္စည်းတွေ အမြောက်အများဖမ်းမိတယ်လို့ မယ်ဆိုင်သတင်းရင်းမြစ်ကဖော်ပြထားပါတယ်။

ယမနေ့နံနက် ၄ နာရီခန့်က ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖန်မြို့နယ် ဖန်တုံကျေးရွာအနီးတွင် ထိုင်းကင်းထောက် ၃၂၀၇ တပ်ဖွဲ့နှင့် မူးယစ်းဆေးဝါးသယ်ဆောင်လာတဲ့အဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ခြေလျင်ဖြင့် ကင်းလှည့်နေတဲ့ ၃၂၀၇ တပ်ဖွဲ့ကတောင်ထိပ်တနေရာကိုရောက်တော့ ကျောပိုးအိတ်တွေနဲ့ သံသယဖြစ်စရာ လူ ၁၅-၂၀ ဦးကိုတွေ့ရှိခဲ့ပြီး၊ ထိုင်းအာဏာပိုင်မှ ရပ်တန့်ခိုင်းပေမယ့် မရပ်တန့်တဲ့အတွက် ၁၀ မီနစ်အကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဟု သိရပါတယ်။

ပစ်ခတ်မှုငြိမ်သက်သွားပြီနောက် ထိုင်းကင်းထောက်တပ်ဖွဲ့တွေက မိုးလင်းတဲ့အထိစောင့်ပြီး အခင်းဖြစ်တဲ့နေရာကို အထက်ကအရာရှိကြီးများအပါဝင်ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာမှာတော့ ကျည်ဒဏ်ရာနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့အဖွဲ့ထဲက ၆ ဦးသေဆုံနေတာတွေ့ရပြီး၊ ကျန်တဲ့လူတွေက ထွက်ပြေးသွားခဲ့ပါတယ်။ ထို့ပြင် မူးယစ်ဆေးဝါး ၁၈ ထုပ်၊ ကီတာမင်း အလေးချိန် ၂၁၆ ကီလိုဂရမ်ကျော်၊ သေနတ် ၃ လက်နှင့် လက်ကိုင်ဖုန်း ၃ လုံးကို ကနဦးတွေ့ရှိခဲ့တယ်သတင်းထဲမှာဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဒေသဟာ မူးယစ်ဆေးဝါး မှောင်ခို အဖွဲ့တွေအများဆုံး ထိုင်းဘက်ကကို မူးယစ်ဆေးတွေသယ်ပို့တဲ့အဓိကလမ်းကြောင်းဖြစ်နေတာမို့ ထိုင်းဘက်ကအချိန်ပြည့်စောင့်ကြည့်နေပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – แม่สายนิวส์

SHARE THIS NEWS

OTHER NEWS