1 January 2026

လွန်ခဲ့တဲ့ ၂ နှစ်က ထိုင်းမင်းသမီး Sai Charoenpura ကို အကောင့်အတုဖြင့် အမျိုးသမီးတစ်ဦးက ဖေ့ဘွတ်ပေါ်မှာ ဝေဖန်ပြစ်တင် ရေးသားခဲ့တာကြောင့် မင်းသမီးက အဲဒီဖေ့ဘွတ်အကောင့် အသုံးပြုသူကို ရဲစခန်းမှာ အသရေဖျက်မှုဖြင့် အမှုဖွင့်တိုင်ကြားခဲ့ရာ ယနေ့မှာတော့ တရားရုံးက ပြစ်မှုကျူးလွန်သူအမျိုးသမီးကို တရားရုံးသို့ ဆင့်ခေါ်ပြီး ရက်ပေါင်း ၂၀၀ ကျော်နေ့တိုင်း တောင်းပန်တဲ့ ပို့စ်တင်ခိုင်း ခဲ့ပြီး အပြစ်ပေးခဲ့ပါတယ်။

မင်းသမီး Sai Charoenpura က အမှုဖွင့်တိုင်ကြားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ တစ်ဖက်သူကို နစ်နာစေလိုတဲ့ စိတ်မရှိကြောင်း၊ အပြင်မှာရော အွန်လိုင်းပေါ်မှာပါ တစ်ဦးကိုယ်တစ်ဦး လေးလေးစားစားဖြင့် အတူနေထိုင်နိုင်ရန် ဥပဒေနည်းလမ်းအရ ကိုင်တွယ် ခဲ့ရခြင်းဖြစ်ကြောင်း အင်တာဗျူးဖြေဆိုခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS