10 May 2024

၂၀၂၂ မတ်လ ၆ ရက်နေ့က AAC မဟာမိတ်အဖွဲ့ကို ပြန်လည်ပြုပြင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ရဲမင်း က ၎င်းရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ကြေညာစာနှင့် တစ်ကွ တရားဝင်ထုတ်ပြန်ထားခဲ့ပါတယ်။

အဆိုပါကြေညာစာထဲမှာ AAC ဥက္ကဌဟောင်း ဦးခိုင်ကြီးအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းမှ၍ တိုင်ပင်ညှိနှိုင်းမှုများ မရှိဘဲ တစ်ဦးတည်းစိတ်ခံစားချက်များဖြင့် လုပ်ကိုင်ဆောင်ရွက် မှုများကြောင့် လွန်စွာမှ စိတ်ပျက်ခဲ့ရကြောင်း၊ လက်ရှိမှာ AAC အဖွဲ့ရဲ့ အလှူငွေများကို လက်ခံထားရှိတဲ့ ဦးခိုင်ကြီးရဲ့ ဘဏ်အကောင့် ၂ ခုမှ ရဲမင်း နှင့် မသက်ဆိုင်တော့ကြောင်း နှင့် ဦးခိုင်ကြီးအပါအဝင် ဦးခိုင်ကြီး၏နောက်လိုက်များသည် ရဲမင်းနှင့် လုံးဝ မသက်ဆိုင်တော့ကြောင်း စသဖြင့် ထုတ်ပြန်စာထဲမှာ ရေးသားပါရှိပါတယ်။

အသစ်ထပ်လောင်း ပြန်လည် ဖွဲ့စည်းခဲ့တဲ့ AAC အဖွဲ့ဝင်သစ် စာရင်းကို ယခုရက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိအချိန်ထိ ရဲမင်း၏ ထုတ်ပြန်စာနှင့် ပတ်သက်လို့ ဦးခိုင်ကြီးအနေဖြင့် ပြန်လည် ဖြေရှင်းထားခြင်းမရှိသေးပါ။

 

SHARE THIS NEWS

OTHER NEWS