9 May 2024

ထိုင်း-မြန်မာနယ်စပ်ကိုခြားထားတဲ့ မြန်မာဘက်ခြမ်းက သောင်ရင်းမြစ်တစ်လျှောက်မှာ စစ်ရှောင်ဦးရထပ်တိုးလာတယ်လို့ သွားရောက်ကူညီပေးတဲ့သူတွေထံက သိရပါတယ်။

 

 

လွန်ခဲ့တဲ့ ရက်အနည်းက လေးကေ့ကော်မြို့သစ်၊ မင်းလက်ပံကျေးရွာနှင့် ရသေ့ဂူကျေးရွာများကြားမှာ စစ်ကောင်စီက လေယာဥ် ၃ စင်းနဲ့ လာရောက်တိုက်ခိုက်လို့ အဲဲဒီနားကကျေးရွာတွေ ထပ်ပြီးထွက်ပြေးလာတာလို့ သိရပါတယ်။

 

 

သွားရောက်ကူညီပေးတဲ့” ဒီနားကစစ်ရှောင်တွေ ၅၀၀ ခန့်လောက်ရှိတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲ့ကုကင်းကျေးရွာရဲ့ တဖက်ကမ်းမှာ ယာယီတဲလေးထိုးပြီးနေထိုင်ကြတာပါ။ ကလေးငယ်၊ အသက်ကြီးရွယ်အိုနဲ့ကိုယ်ဝန်ဆောင်တွေလဲရှိတယ်။ အဓိက သူတို့လိုအပ်နေတာကသောက်ရေတွေပါ။ ပြီးတော့ ကလေးတွေ ၁၂ ယောက်လောက်တော့ ကိုဗစ်၁၉ ကူးစက်နေလို့ စစ်ရှောင်စခန်းရဲ့ ကိုဗစ်စင်တာမှာထားတယ်။ ကူးစက်မှုတွေရှိနေသေးလို့ ထိုင်းဘက်က ဆေးမှူးတွေလာရောက်ကုသပေးနေတာတော့တွေ့ရတယ်” လို့ မယ်ဆောက်မြို့နယ် မယ်ပရှိ TCTF ဖောင်းဒေးရှင်းတာဝန်ခံ အောင်သူလင်း ထံကသိရပါတယ်။

 

 

လေးကေ့ကော်ဒေသတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ၃ လခန့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သောင်းချီသော ဒေသခံများ စစ်ရှောင်နေကြရပြီး မတ်လ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာလို့ စစ်ရှောင်တွေထပ်မံထွက်ပြေးနေကြရတာဖြစ်ပါတယ်။

 

 

ကိုချစ် (ဇွဲကပင်မြေ)

SHARE THIS NEWS

OTHER NEWS