16 February 2026

ခေါက်ဆန်လမ်းမှာ ရေစိုချင်တဲ့ပန်းတွေ တစ်နှစ်သီးခံပြီးထပ်စောင့်ပါဟု ကျန်းမာရေဌာနမေတ္တာရပ်ခံ

 

 

မကြာမီကျရောက်မည့် ထိုင်းသက်ြန်မှာ နိုင်ငံသားခြားနဲ့ လူငယ်တွေ အများဆုံးသွားရောက် ရေကစားတဲ့ (ခေါက်ဆန်လမ်း) Khaosan Road ဒီနှစ်သက်ြန်ကာလမှာလဲ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ရေကစားခွင့်မပေးထားဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

အကယ်၍ ခွင့်ပြုပေးရင် သက်ြန်ကာလပြီးလျှင် ကိုဗစ်၁၉ ကူးစက်မှုစိုးရိမ်နေရတဲ့ အခြေအနေမှာရှိနေတာကြောင့် တစ်နှစ်သီးခံပြီး ထပ်စောင့်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေတ္တာရပ်ခံထားပါတယ်။

 

 

(ခေါက်ဆန်လမ်း) Khaosan Road လမ်းဟာ နှစ်စဥ်ကျင်းပတဲ့ သက်ြန်ကာလဆိုရင် လူကြိတ်ကြိတ်တိုးသွားရောက်ရေကစားတဲ့လမ်းဖြစ်ပါတယ်။ အဲဒီနေရာမှာဆိုရင် ညဥ့်နက်တဲ့အထိ ရေကစားလို့ရတဲ့နေရာလို့ သိရပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ-Khao San Road

SHARE THIS NEWS

OTHER NEWS