14 May 2024

,

ဗန်ကောက်မှာထိပ်တိုက်ရင်ဆိုင်မယ့် အနီစီးချင်းထိုးပွဲ လက်မှတ်အရောင်းသွက်၊ ဘတ် ၂၅၀၀၀ ဇုန် လက်မှတ်အကုန်ရောင်းထွက်။

ထိုင်းမြေပေါ်မှာရော အာရှမြေပေါ်မှာပါ ပထမဆုံးထိပ်တိုက်ရင်ဆိုင်မယ့် မန်ယူနဲ့လီဗာပူးအသင်းတို့ရဲ့ သမိုင်းဝင်ပွဲစဉ်အတွက် လက်မှတ်တွေကို ပြီးခဲ့တဲ့ဧပြီလ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်က Thaiticketmajor ရတ်ချယိုထင်ဆိုင်ခွဲကတဆင့်စတင်ရောင်းချရာမှာ ရောင်းအားသွက်ခဲ့ပြီး ဘတ် ၂၅၀၀၀ တန်ဇုန်လက်မှတ်တွေ အကုန်ရောင်ထွက်သွားပြီလို့သိရပါတယ်။
.
“ကျနော်လက်မှတ်ရဖို့အတွက် အွန်းလိုင်းကနေ Booking ဆွဲထားပြီးမှလာခဲ့တာပါ ဘတ် ၁၅၀၀၀ တန်လက်မှတ် ၂ စောင်ရလာတယ် ဒီအခွင့်အရေးကိုစောင့်နေခဲ့တာကြပါပြီ အင်္ဂလန်မြေအထိသွားရောက်ကြည့်ရှုဖို့စီစဉ်ခဲ့ဖူးပါတယ် အခုလိုထိုင်းမြေပေါ်မှာလာကန်ပေးတော့ အတိုင်းထက်အလွန်ပေါ့ဗျာ” လို့ ကြိုးကြာနီပရိသတ်တစ်ဦးဖြစ်သူ ရာချစ် ဘူရန ကဆိုပါတယ်။

“ကျနော့်အနေနဲ့ လေယာဉ်လက်မှတ်ဝယ်ယူပြီးအင်္ဂလန်မြေပေါ်မှာသွားရောက်အားပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ဒီနေ့မှာတော့ ဘတ် ၁၅၀၀၀ တန်လက်မှတ် ၂ စောင်ရလာပါတယ် အရမ်းပျော်တာပေါ့ မိုဟာမက် ဆာလာရဲ့စကေးလ်ကို မျက်ဝါးထင်ထင်ရှုစားချင်တယ်” လို့ နောက်ထပ်ကြိုးကြာနီသွေးတစ်ဦးဖြစ်သူ နတ်ထဖွန် ထောင်ကရိုင် ကဆိုပါတယ်။
.
အနီစီးချင်းထိုးမယ့် THE MATCH BANGKOK CENTURY CUP 2022 ပွဲစဉ်အတွက်လက်မှတ်တွေကို Thaiticketmajor ဆိုင်ခွဲတွေနဲ့ဝဘ်ဆိုဒ်ကနေတဆင့်ရောင်းချပေးနေပါတယ်။ လူ ၁ ဦးကို လက်မှတ် ၄ စောင်နှုန်းဖြင့်ရောင်းချပေးနေပြီး လက်မှတ်ဈေးနှုန်းတွေကတော့ ဘတ် ၂၅၀၀၀၊ ဘတ် ၂၂၀၀၀၊ ဘတ် ၂၀၀၀၀၊ ဘတ် ၁၅၀၀၀၊ ဘတ် ၁၂၀၀၀၊ ဘတ် ၇၀၀၀၊ ဘတ် ၅၀၀၀ အသီးသီးသတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့အချက်အလက်အရ ဇုန်တချို့အတွက်လက်မှတ်ကုန်သွားပြီလို့သိရပါတယ်။
.
Photo : PPTV36
.
ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS