26 April 2024

ဒီနှစ်သင်္ကြန်တွင်း ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ ကန်ကျနဘူရီခရိုင် စမ်ခရဘူရီမြို့ ဘုရားသုံးဆူမြို့နယ်သို့ လာရောက်လည်ပတ်တဲ့ခရီးသွားတွေ အရင်နှစ်ကထက် များပြားလျက်ရှိပြီး ထိုင်းအစိုးရအနေနဲ့ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေကို ကိုဗစ်စည်းကမ်းအတိုင်းလိုက်နာကြဖို့ တိုက်တွန်းထား သလို ဘုရားသုံးဆူအဝင်မှာ စစ်ဆေးရေးဂိတ်တွေချထားလျက်ရှိတယ်လို့လည်း သိရပါတယ်။

 

 

ထိုင်းအစိုးရက အရင်နှစ်တွေနဲ့ နည်းတူ ကိုဗစ်ကူးစက်ရောဂါကြောင့် ဒီနှစ်မှာလည်း ရေကစားခွင့်ပိတ်ပင်ထားသလို ဘုရားသုံးဆူဒေသတော်လှန်ရေးညီညွတ်ရေးအဖွဲ့ အနေနဲ့လည်း စစ်ကောင်စီကို ဆန်ကျင်တဲ့ အနေနဲ့ ဒီနှစ်သင်္ကြန်တွင်း နယ်စပ်နေ မြန်မာတိုင်းရင်း သားညီကိုမောင်နှမတွေကို ရေကစားခြင်းမပြုကြရန် ထုတ်ပြန်စာထုတ်ပြီး တောင်းဆိုထားတယ်လို့ ထိုင်းသတင်းတွေမှာဖေါ်ပြထားပါတယ်။

 

 

“အမေစုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မလွတ်သေးသ၍ ကျွန်တော်တို့အနေနဲ့ ပျော်ရွှင်စရာ ပွဲလမ်းသဘင်တွေ ဆင်နွှဲဖို့ မရှိဘူး” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

 

 

 

ဘုရားသုံးဆူဂိတ်ကိုလက်ရှိမှာ ထိုင်းလူမျိုးတွေ လာရောက်လည်ပတ်ဖို့အတွက်ပဲ ဖွင့်ပေးထားတာဖြစ်ပါတယ်။ ထိုင်းအစိုးရအနေနဲ့ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေကို ဘုရားသုံးဆူတွင် ဘေးကင်းကြောင်း အာမခံတယ်လို့ ပြောထားပါတယ်။

SHARE THIS NEWS

OTHER NEWS