27 April 2024

,

ရေသောက်ခြင်းသည် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာအတွက် အလွန်အရေးကြီးပါတယ်။ ဆဲလ်များမှတစ်ဆင့် အာဟာရဓာတ်များပေးပို့ရာတွင် ကူညီပေးသောကြောင့် ခန္ဓာကိုယ်အပူချိန်ကိုလျှော့ချပေးကာ အဆစ်များ ကောင်းမွန်စွာအလုပ်လုပ်နိုင်စေရန်ကူညီပေးပါတယ်။
.
ဒါ့အပြင် မနက်ခင်းမှာ ရေပုံမှန်သောက်ခြင်းဟာ ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်ကြောင်း သုတေသန ပြုချက်တွေအရ သိရပါတယ်။ iNN က မနက်ခင်းမှာ ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူး ၅ ချက်ကိုမိတ်ဆက် ပေးလိုက်ပါတယ်။
မနက်ခင်းရေသောက်ခြင်းရဲ့အကျိုးကျေးဇူး ၅ မျိုး
.
၁။ ကိုယ်အလေးချိန်ကျအောင်ကူညီပေးသည်။
မနက်ခင်းရေသောက်ခြင်းက ကိုယ်အလေးချိန်ကျဖို့ ဘယ်လိုကူညီပေးနိုင်သလဲဆိုတဲ့ မေးခွန်းအချို့ကို ဖြေကြည့်ရအောင်။ အဓိက အစာမစားမီ ရေသောက်ကြည့်ပါ။ 2010 ခုနှစ် လေ့လာမှုတစ်ခုအရ အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများသည် အစာမစားမီ ရေ 500ml ခန့်ကို 12ပတ်ကြာအောင် သောက်သောအခါ ကိုယ်အလေးချိန်ကျလာကြောင်းတွေ့ရပါတယ်။
.
ဘာကြောင့်လဲဆိုတော့ ရလဒ်အနေဖြင့် ကိုယ်အလေးချိန်လျော့ကျမှုသည် အစာစားချင်စိတ်ကိုလျော့နည်းခြင်း၏ ရလဒ်ဖြစ်ကြောင်း ညွှန်ပြသောကြောင့်ဖြစ်ပါတယ်။ ( ဗိုက်ထဲမှာရေပြည့်တဲ့အခါ အစာစားချင်စိတ်ကိုလျော့ချ ပေးတာဟာ ) သာမိုဂြိုလ် (Thermogenesis) လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်း အပူဓာတ် ထုတ်လုပ်မှု စနစ်နဲ့လည်း ဆက်စပ်နေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို ဖြစ်စေပါတယ်။
.
2013 ခုနှစ်မှ နောက်ထပ်လေ့လာမှုတစ်ခုအရ ရေများများသောက်သော မိန်းကလေးများသည် အစာကို လျှော့မစားဘဲ နံနက်စာ ၊ နေ့လည်စာ နှင့် ညစာ မစားမီ 8 ပတ်ကြာ ရေသောက်ခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျကြောင်း တွေ့ရှိခဲ့ရပါတယ်။ ရေသည် ကိုယ်အလေးချိန်ကျစေသောအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။
.
၂။ မှတ်ဉာဏ်နှင့် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးသည်။
ဦးနှောက်သည် ရေ 83% ရှိပြီး ရေဓာတ်ခန်းခြောက်ခြင်းသည် ကျွန်ုပ်တို့၏ ခံယူချက်အပေါ် သက်ရောက်မှုရှိပါ တယ်။ ရေသောက်နည်းခြင်းသည် အမြင်အာရုံကိုထိခိုက်စေပြီး ကျွန်ုပ်တို့၏စိတ်ပိုင်းဆိုင်ရာကိုလည်းထိခိုက် စေကြောင်း သုတေသနပြုချက်များအရ သိရပါတယ်။ လေ့လာမှုများအရ တစ်နေ့တာလုံးရေသောက်သူ များသည် စိတ်ကျန်းမာရေးကို ပိုကောင်းစေသည်ဟု လေ့လာမှုများကဖော်ပြထားပါတယ်။ထို့အပြင် ရေဓာတ်ခမ်းခြောက်သူများသည် မှတ်ဉာဏ်အပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုရှိပါတယ်။ သာမန်ထက်ပြင်းထန်သော တက်ကြွမှုရှိသော နေ့တစ်နေ့ကိုစတင်လိုပါက နံနက်ကတည်းကရေသောက်သင့် ပါတယ်။
.
၃။ စိတ်ခံစားချက်ကောင်းမွန်
မနက်ခင်းမှာ ရေသောက်တာကစိတ်ခံစားချက်ကိုကောင်းမွန်စေပါတယ်။ ရေလျှော့သောက်ရင်ခန္ဓာကိုယ်ထဲမှာ ရေပမာဏနည်းပြီး ရေငတ်တာကိုခံစားရပါလိမ့်မယ်။ ရေဓာတ်ခမ်းခြောက်ခြင်းသည် စိတ်ခံစားချက်ကို ထိခိုက်စေပါတယ်။ စိတ်ခံစားချက်ကောင်းမွန်ချင်ရင် မနက်စောစောရေသောက်ပါ။ ဒါမှမဟုတ်ဖြစ်နိုင်ရင် တစ်နေ့တာလုံးရေသောက်ပေးတာက အကောင်းဆုံးပါပဲ့။
.
၄။ ကောင်းသောအသားရေများကိုပိုင်ဆိုင်နိုင်ပါတယ်။
အရေပြားသည် ခန့်မှန်းခြေအားဖြင့် ရေ 30% ရှိသည်။ အရေပြားအတွင်းရှိ ရေသည် ကျွန်ုပ်တို့၏အသားအရေ ကို ကျန်းမာစေပြီး ဖောင်းကားကာ ပျော့ပြောင်းစေပါတယ်။ ရေသောက်ခြင်းက သင့်အသားရေကိုရေဓာတ်ထိန်း ပေးပါတယ်။ အရေးအကြောင်းများကိုကာကွယ်ပေးပါတယ်။ မနက်ကတည်းက ရေသောက်သင့်တယ်ဆိုတာ မမေ့ပါနဲ့။
.
ခန္ဓာကိုယ်ကို ပိုမိုအဆင်သင့်ဖြစ်ရန် ကူညီပေးသည်။
မနက်စောစော ရေသောက်ခြင်းက ခန္ဓာကိုယ်ကို နေ့စဥ်လုပ်ဆောင်မှုတွေအတွက် ပိုပြင်ဆင်ပေးပါတယ်။ ရေသည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်္ဂါများစွာအတွက်ရေလို အပ်ကြောင်းသတိရပါ။ ဥပမာ – ရေသောက်ခြင်းသည် ကျောက်ကပ်က ခန္ဓာကိုယ်ထဲကအညစ်အကြေး တွေကိုဖယ်ရှားပေးပါတယ်။ မှန်ကန်သောပမာဏဖြင့်ရေသောက်ခြင်းသည် နှလုံးသွေးကြောစနစ်ကို အပြည့်အဝ လုပ်ဆောင်နိုင်ရန်ကူညီပေးပါတယ်။ ရေသောက်ခြင်းက အရိုးအဆစ်နာကျင်ခြင်းကိုသက်သာစေနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS