26 April 2024

စက်တင်ဘာ ၁၅ ရက်၊ ၂၀၂၂

လမ်းဘေးမှာ ရပ်ထားတဲ့ ဒိုင်နာယာဥ်နဲ့ ခရီးသည်တင်ယာဥ် နှစ်စီးတို့ တိုက်မိမှုမှာ ဒဏ်ရာရသူ ၁၀ ​ယောက်​ကျော်နှင့် ​သေဆုံးသူ ၁၂ ​ယောက်​ရှိတယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ကနဦး ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒဏ်ရာရတဲ့ ၁၀ ယောက်ထဲက ၃ ​ယောက်က​တော့ စိုးရိမ်ရတယ်ဟု Ko Thet Win က​ဖော်ထားပါတယ်။ သေဆုံးသူတွေဟာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၄ ရက် ည ၈ နာရီခန့်က လမ်းဘေးမှာ ရပ်ထားတဲ့ ဒိုင်နာယာဥ်နဲ့ ခရီးသည်တင်ယာဥ် တိုက်မိပြီး၊ ဒီယာဥ်တိုက်မှုက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မိတ္ထီလာ- ကျောက်ပန်းတောင်းကားလမ်း၊ လက်ပံပြား- ဇီးဖြူကုန်းရွာကြား၊ မိုင်တိုင်အမှတ် ၄၅/၁ မှာ ဖြစ်ပွားခဲ့တာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကိုချစ် ဇွဲကပင်​မြေ

SHARE THIS NEWS

OTHER NEWS