28 April 2024

မဲဆောက်တွင် မြန်မာဘက်သို့ရောင်းချမည့် တရားမဝင်ဆင်းမ်ကတ် ၄ ထောင်ကျော် ဖမ်းဆီးရမိခဲ့ပြီး ၆ နှစ်ကျော် ရောင်းချခဲ့ပြီဟု ထွက်ဆို။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ (၂၀၂၃) တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့စိုင်းလွတ်ကျေးရွာအုပ်စုရှိ နေအိမ်တစ်လုံးကို ထိုင်းဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးရာတွင် အသက် ၃၈ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကိုဖမ်းဆီးနိုင်ခဲ့သည့်အပြင် တရားမဝင်ဆင်းမ်ကတ် ၄၃၉၇ ကတ်၊ မိုဘိုင်းဖုန်း ၂၀ လုံး၊ Activate ဖုန်းကြိုး၊ သေနတ် ၁ လက်၊ ကျည်ဆံ ၅၀ တောင့် စသည့် သက်သေခံပစ္စည်းများကို သိမ်း ဆည်းနိုင်ခဲ့သည်ဟု Nuch Online News သတင်းပေ့ချ်က ဖော်ပြထားသည်။

ဖမ်းဆီးခံရသူထိုင်းအမျိုးသမီးအား “တပါးသူအမည်ဖြင့်မှတ်ပုံတင်ထားပြီး မည်သူမည်ဝါအသုံးပြုနေ သည်ကို မဖော်ပြနိုင်သော မိုဘိုင်းဖုန်းဝန်ဆောင်မှုသုံးဖုန်းနံပါတ်များ ရောင်းဝယ်မှု၊ စုဆောင်းမှု၊ ကြော်ငြာမှု၊ သတင်းဖြန့်ဝေမှု၊ တရားမဝင်သေနတ်နှင့်ကျည်ဆံလက်ဝယ်ကိုင်ဆောင်မှု” စသည့်ပြစ်မှုများ ဖြင့် စွဲချက်တင်ထားသည်ဟု ဖော်ပြထားသည်။

ကနဦးစစ်ဆေးချက်အရ ထိုင်းနိုင်ငံသားမဟုတ်သူကတ် (ပန်းရောင်ဘတ်ကတ်) ဖြင့် ဆင်းမ်ကတ်မှတ်ပုံ တင်ပြီး အိမ်နီးချင်းနိုင်ငံဘက်သို့ရောင်ချနေသည်မှာ ၆ နှစ်ကျော်ပြီဖြစ်ကြောင်း၊ ဆိုက်ဘာဥပဒေအာဏာ မတည်ခင်ကတည်းက ဆင်းမ်ကတ်အရေအတွက်လေးငါးသောင်းအထိ ရောင်းချခဲ့ပြီဖြစ်ကြောင်း၊ ဆိုက် ဘာဥပဒေထွက်ရှိလာပြီးနောက်တွင် ဖမ်းဆီးခံရမည်ကိုစိုးရိမ်၍ နေရာပြောင်းရွှေ့ရန်စီစဉ်နေကြောင်း သံသယတရားခံ က ထွက်ဆိုသည်။

 

 

ပြီးခဲ့သည့် မေလ ၁၇ ရက် (၂၀၂၃) တွင် အသက် ၅၉ နှစ်ရှိသူ ထိုင်းအမျိုးသားတစ်ဦးနှင့်မြန်မာဝန်ထမ်း ၂ ဦးကို မှတ်ပုံတင်ထားသောဆင်းမ်ကတ် ၃၄၆ ကတ်နှင့်အတူ ဖမ်းဆီးခဲ့ပြီးနောက် ဆိုက်ဘာမှုခင်း ရဲတပ်ဖွဲ့မှ ကွင်းဆက်ရှာဖွေရာက စောင့်ကြည့်သူ ၃၅၀၀ ကျော်ရှိသော “นู๋นุช ธรรศธนพร” ဟု အမည်ပေးထားသည့် ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ပေ့ချ်တွင် အသင့်သုံးဆင်းမ်ကတ်များကိုရောင်းချသည့်ပို့စ်များနှင့် ဆင်းမ်ကတ်မှတ်ပုံတင်နေ သည့်ပို့စ်များကို တွေ့ရှိခဲ့ရာက ခြေရာခံဖမ်းဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

 

 

ဖမ်းဆီးခံရသူထိုင်းအမျိုးသမီးသည် ထိုင်းနိုင်ငံသားမှတ်ပုံတင်နှင့် ထိုင်းနိုင်ငံသားမဟုတ်သူကတ်ပြား (ပန်းရောင်းဘတ်ကတ်) များဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ပြီး သာမန်လူများ၊ နယ်စပ်ရှိရာဇဝတ်ဂိုဏ်း (call center ဂိုဏ်း) များနှင့် လောင်းကစားဝဘ်ဆိုက်ဂိုဏ်းများထံ ရောင်းချပေးသည်ဟု သိရသည်။

 

ယင်း call center ဂိုဏ်များနှင့်လောင်းကစားဝဘ်ဆိုက်များက ထိုင်းနိုင်ငံဘက်ရှိပြည်သူများကို လိမ်လည်မှုကြောင့် နစ်နာမှုကြီးကြီးမားမားရှိနေသည်ဟု ဖော်ပြထားသည်။

SHARE THIS NEWS

OTHER NEWS