1 January 2026

ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မယ်ဆိုင်အကောက်ခွန်ဌာနမှူးနဲ့ Custom Immigration Quarantine ဌာနပူးပေါင်းပြီး ဒီကနေ့ မေ ၁၂ ရက်နေ့က အဆိုပါတံတားတဝိုက်မှာ Big Cleaning သန့်ရှင်းရေးအကြီးစား လုပ်ဆောင်နေကြပါတယ်။

ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား စတဲ့ နယ်စပ်ဒေသ ခရိုင် ၁၇ ခုက ဂိတ်ပေါင်း ၃၁ ဂိတ်ကို မေ ၁ ရက်နေ့မှာ စတင်ပြန်ဖွင့်ဖို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ရေးဗဟိုကော်မတီက ခွင့်ပြုခဲ့ပေမဲ့ တာချီလိတ်-မယ်ဆိုင်ဂိတ် မပါခဲ့ပါဘူး။

မယ်ဆိုင်-တာချီလိတ်ဂိတ် ပြန်ဖွင့်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြင်ဆင်ထားတဲ့ အခြေအနေ အစီရင်ခံစာ အထက်ကိုတင်ပြတာ နောက်ကျခဲ့လို့ မေ ၁ ရက်ဖွင့်ခွင့်ရ စာရင်းထဲ မယ်ဆိုင်ဂိတ်မပါတာလို့ ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS