26 April 2024

စုန်ကရန်(Songkran)လို့ လူသိများတဲ့ ထိုင်းရေသဘင်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့အတွက် ကနဦးအဆိုပြုချက်ကို ယူနက်စကို (UNSECO) က လက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။

ထိုင်းရေသဘင်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage – ICH) အဖြစ် စားရင်းသွင်းဖို့အတွက် Songkran in Thailand, traditional Thai New Year festival နာမည်နဲ့ အဆိုပြုခဲ့တာဖြစ်ပြီး ICH ဟာ ကမ္ဘာ့အမွေအနှစ်မဟုတ်ပေမဲ့ ကမ္ဘာ့အမွေအနှစ် (World Heritage site) နဲ့ ထပ်တူဂုဏ်သိက္ခာကြီးမားတယ်လို့ ဖော်ပြကြပါတယ်။

Khon အပါအဝင် Thai Massage နဲ့ ထိုင်းတောင်ပိုင်းက နိုရာအက တို့ကို ယူနက်စကိုမှာ ရိုးရာယဉ်ကျေး မှုအမွေအနှစ်အဖြစ်အသိအမှတ်ပြုခံထားရပြီဖြစ်တဲ့အတွက် ထိုင်းရေသဘင်ပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ လေးခုမြောက် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာနိုင်ခြေ များပါတယ်။

ဒါ့အပြင် မွေထိုင်း၊ ထိုင်းဆေးခြောက်၊ ထိုင်းဟင်းလျာ၊ သရက်သီးကောက်ညင်းအုန်းနို့ဆမ်း (Mango Sticky Rice)၊ Phi Ta Khon စတဲ့ ထိုင်းရိုးရာယဉ်ကျေးမှုတွေကို ICH စာရင်းတင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းကနေ ၂၀၀၃ ခုနှစ်မှာ ခွဲထွက်ခဲ့တဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိုင်းနိုင်ငံ အနေနဲ့ ၂၀၁၆ ခုနှစ်မှာ အဖွဲ့ဝင်ခဲ့တယ်လို့ သိရပါတယ်။

ပလာတူး

SHARE THIS NEWS

OTHER NEWS