26 April 2024

ဇွန်လ ၂၅ ရက်၊ ၂၀၂၂

ထိုင်းနိုင်ငံတွင် ကိုဗစ်၁၉ ကူးစက်မှုအဆင့်တစ်ခုအထိလျော့ကျလာပြီဖြစ်တာကြောင့် လူစုလူဝေးမဖြစ်တဲ့နေရာများမှာ ကိုယ့်သဘောနဲ့ကိုယ် Mask ကိုဖြုတ်လိုဖြုတ်တပ်လိုတပ် ပြုလုပ်နိုင်ပြီလို့ ဇွန်လ ၂၃ ရက်နေ့ ည ထိုင်းတော်ဝင်ပြန်တမ်းကအတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

နှာခေါင်းစည်းကို ရာနှုန်းပြည့်ချွတ်ထားလို့မရသေးပါ။ လူစုလူဝေးဖြစ်တဲ့နေရာများ၊ တစ်ယောက်နဲ့တစ်ယောက်အကွာအဝေးနေထိုင်လို့မရတဲ့နေရာများနှင့် လေကောင်းလေသန့်မရရှိတဲ့နေရာများမှာ နှာခေါင်းစည်းတပ်ထားရမယ်ဟု ဖော်ပြချက်တွင်သိရပါတယ်။

ထို့အတူ အသက် ၆၀ နှစ်အထက်ရှိသက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါ၊ နှလုံးနှင့်သွေးကြောရောဂါ၊ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ၊ ဦးနှောက်သွေးကြောရောဂါ၊ အဝလွန်ရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုသွေးချိုရောဂါ စသည့်ရောဂါအခံ ၇ မျိုးရှိသူများမှာ အမြဲတမ်းမတ်စ်တပ်ထားရမည်ဟု သိရပါတယ်။

ထိုနောက် အဲဒီထုတ်ပြန်ချက်ထဲမှာလဲ ကိုဗစ်၁၉ ကူးစက်မှုဖြစ်ပွားပြီးကတည်းက အလုပ်လုပ်တဲ့စာအုပ်အမျိုးအစားကို ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ၂ နှစ်ကျော်အကြာ အသွားလာခွင့်ကန့်သတ်ထားတာနဲ့ပတ်သက်ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေ့ပြောင်းလုပ်သားတွေကို ခရိုင်ဖြတ်ကျော်သွားလာခွင့်ဖြေလျှော့ပေးထားတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံတွင်နေထိုင်လုပ်ကိုင်လျက်ရှိတဲ့ ရွှေ့ပြောင်းလုပ်သားများ ခရီးသွားလာခွင့်ကန့်သတ်ထားချက်ကို ဖြေလျှော့ပေးရန် ဗန်ကောက်မြို့တော်ဝန်နှင့်ခရိုင်မှူးအားလုံးကို တော်ဝင်ပြန်တမ်းမှ ၂၃-၆-၂၀၂၂ ရက်စွဲဖြင့် ညွှန်ကြားလိုက်တဲ့အဆင့်မှာပဲ ရှိနေတဲ့အတွက် အလုပ်သမားတွေနေထိုင်လုပ်ကိုင်တဲ့ ခရိုင်ရဲ့ထုတ်ပြန်ချက်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်က ထိုင်းနိုင်ငံ၏စီးပွားရေပြန်လည်နာလန်ထူလာရေး နှင့် ပကတိနှင့်နီးစပ်သည့်အခြေအနေကိုပြန်လည်ရောက်ရှိလာရေးအတွက်ရည်ရွယ်ထားတာဖြစ်တယ်ဟု ဖော်ပြထားပါတယ်။

ထိုင်းဝင်ရောက်လာမယ့် မည်သည့်နိုင်ငံခြားသာမဆို Thailand pass မှာစာရင်းကြိုတင်သွင်းရတာကို ပယ်ဖျက်ပေးလိုက်ပြီဖြစ်ပါတယ်။ ထိုင်းဝင်ရင်တော့ ပတ်စပို့ကိုင်ဆောင်သူအနေနဲ့ ကိုဗစ်၁၉ ကာကွယ်ဆေးထိုးထားတဲ့သူဖြစ်ရမယ်။ Border Pass ကိုင်ပြီးဝင်လာရင်လဲ ကာကွယ်ဆေးထိုးထားရပါမယ်။ ပြီးတော့ Border Pass ကိုင်ဆောင်သူအနေနဲ့ကတော့ သတ်မှတ်တဲ့ခရိုင်မှာသာ လည်ပတ်ခွင့်ရှိပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS