28 November 2024

သြဂုတ် ၁၀ ရက်၊ ၂၀၂၂

မြန်မာပြည်သူများရဲ့ တစ်နေ့တာဝင်ငွေထွက်ငွေတွေဟာ မကာမိအောင်ဖြစ်နေပါတယ်။ တစ်နေ့တာ စားနိုင်ဖို့အရေး မွန်းကြပ်မှုတွေကြား ဒီငြီးတွားသံတွေနဲ့ တစ်နေ့တာအဆင်မပြေမှုတွေနဲ့သာနေဝင်သွားခဲ့ရပါတယ်။

နောက်နေ့ရောက်လာတော့လဲ နောက်နေ့အပူနဲ့ ရွေးချယ်စရာတွေလဲ များများစားစားလဲမရှိကြတော့ပါဘူး။ ငရုတ်သီးစိမ်းတွေတောင် တဆတိုးစျေးမြှင့်တက်နေပါတယ်။ ကျပ်တစ်ရာဖိုးဝယ်လို့ရတဲ့ ငရုပ်သီးတွေတောင် လက်ရှိ နှစ်ရာကျပ်တွေဖြစ်ကုန်ပြီလို့

နန်းဇင် က ကိုချစ် ဇွဲကပင်မြေ ကိုပြောပါတယ်။

“အထည်တွေက ရာဂဏန်းလောက်ပဲစျေးတက်တယ်၊ အကျတော့မရှိဘူးပေါ့၊ အရင်အထည်တွေဆိုရင် ၆၀၀၀ လောက်ပဲရှိတယ်။ လက်ရှိစျေးကတော့ ၈၀၀၀ ကနေ ၉၀၀၀ ကိုစျေးတက်သွားတာ၊ စားသောက်ကုန်တွေဆိုရင် တဝက်လောက်စျေးတက်သွားတယ်။ ဆန်နဲ့ဆီပေါ့ ဆန် အရင်စျေး ၂၄ ပြည်အိတ်ကို ၂ သောင်းပဲရှိတယ်။ လွန်ခဲ့တဲ့ရက်အနည်းက အမေသွားဝယ်တာ ၁၂ ပြည်အိတ်တောင် ၂၇၅၀၀ ကနေ ၃၀၀၀၀ လောက်တက်သွားတယ်။ ကုန်စျေးနှုန်းကမြှင့်တက်နေပေမယ့် အခြေခံလုပ်အားခက တိုးပေးတာ သတင်းမကြားမိဘူး” လို့ နန််းဇင် ကပြောပါတယ်။

ဆန်နဲ့ဆီ ကိုရချင်ရင်၀ယ်ယူရတဲ့လူတန်းရှည်ကြီးတွေမှာတန်းစီးစောင့်နေရပါတယ်။ စားသုံးဆီ တစ်ပိဿာစျေး ကျပ် ကိုးထောင်ကျော်လာချိန်မှာ အနည်းဆုံးလုပ်ခလစာ တစ်ရက်ကျပ် ၄၈၀၀ သာ ရှိတဲ့ မြန်မာလူထုအတွက် ၀င်ငွေနဲ့ထွက်ငွေ မမျှမတ ဖြစ်လာတာပါ။

ဒါကြောင့် ထမင်းတစ်နပ်ကို လျှော့ချစားသောက်တာ၊ ဟင်း ဖွယ်ဖွယ်ရာရာ မဟုတ်တော့ဘဲ တစ်မယ်ကောင်း ဟင်းလျာနဲ့ မဖြစ်ဖြစ်အောင် ချက်ပြုတ်စားသောက်ရတာတွေ ၀င်ငွေနည်းမိသားစုတွေထဲ ရှိလာပြီး၊ မြို့ပြရဲ့နေရာတိုင်းလိုလို လုမှု၊ ခါးပိုနှိုက်မှု၊ ခိုးမှုတွေများလာလို့ လုံခြုံမှုမရှိတော့ဘူး၊ သတိထားသွားလာကြပါ၊ တယောက်ထဲမသွားနဲ့စသည်ဖြင့် လူမှုကွန်ရက်များကတဆင့် သတိပေးနေကြတာတွေ တွေ့နေရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS