3 May 2024

သြဂုတ် ၂၆ ရက်၊ ၂၀၂၂

.

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကျန်အိုချာ ကို သြဂုတ် ၂၄ ရက်နေ့တွင် တာဝန်ယူထားသည့် သက်တမ်း ၈ နှစ်တိတိပြည့်မြောက်ပြီဖြစ်တာကြောင့် အခြေခံဥပဒေဆိုင်ရာတရားရုံးကယာယီဆိုင်းငံ့ထားလိုက်ပါတယ်။ ၂၄ ရက် သြဂုတ် ၂၀၁၄ ကနေ ၂၄ ရက် သြဂုတ် ၂၀၂၂ နေ့မှာ ပြည့်တာဖြစ်ပါတယ်။

.

၂၂ ရက် သြဂုတ်၂၀၁၄ ခုနှစ်တွင် အာဏသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်း ဝန်ကြီးချုပ်ရာထူးကိုတော့ လွန်ခဲ့သည့် ၄ နှစ်လောက်က မဲအနိုင်ရခဲ့လို့ ပြည်သူရွေးချယ်တဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ စစ်ခေါင်းဆောင်ကနေ ဝန်ကြီးနေရာယူလာတဲ့ ပရာယွတ် ကျန်အိုချာ ပြောကြားချက်မှာ “တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အမြန်ပေါ်ပေါက်လာနိုင်စေရေးအတွက် တိုင်းပြည်၏အချုပ်အခြာအာဏာကို ဝင်ထိန်းရတာဖြစ်ပါတယ်” ဟု အာဏာသိမ်းယူပြီးနောက်နေ့မှာ ပြောကြားခဲ့ကာ အဲဒီနေ့မှာ အရေးပေါ်အခြေနေကို ကြေညာခဲ့ပါတယ်။

.

၂၀၁၉ ခုနှစ်လောက်မှာ မဲအများဆုံးနဲ့ ရွေးချယ်ခံရတဲ့ ထိုင်းဝန်ကြီးချုပ်ရားထူးရထားပေမယ့် အာဏာသိမ်းပြီးဝန်ကြီးဖြစ်လာတာကြောင့် စစ်တပ်ကနေလာတဲ့အစိုးရကို မလိုလားတဲ့ ကျောင်းသာလူငယ်တွေကဆက်တိုက်ဆန့်ကျင်ဆန္ဒပြမှုတွေပြုလုပ်နေပေမယ့်၊ အဲလို ဆန္ဒပြဆန့်ကျင်နေမှုအပေါ် ဝန်ကြီးချုပ်ရဲ့ တုန့်ပြန်ချက်က ” မထွက်ဘူး၊ မထွက်ပေးနိုင်ဘူး၊ ငါမှာ အမှားမလုပ်ထားတဲ့အတွက် မထွက်ပေးနိုင်ဘူး”ငြင်း ငြင်းဆိုရင်း ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်ပြည့်သွားပါတယ်။

.

ပရာယွတ် ကျန်အိုချာကို တရားရုံးက ဆိုင်းငံ့ထားပြီးနောက် အသက် ၇၇ နှစ်ရှိ ဒုဝန်ကြီးချုပ် ပရာဝစ် ဝုန်စဝမ် ယာယီခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ကျန်အိုချာ ကို ခြေဥတရားရုံးက ၁၅ ရက်သာ ဆိုင်းငံထားပါတယ်။ တရားရုံးဘက်က စီရင်ချက်ချဖို့ အချိန်သတ်မှတ်ထားတာမရှိသေးပါဘူး။

.

အကယ်၍ ဝန်ကြီးချုပ်သက်တမ်း ၈ နှစ်မပြည့်သေးပါက တရားရုံးက ၎င်းကို ပြန်လည်ခန့်အပ်ခံရနိုင်ပါတယ်။ ဝန်ကြီးချုပ်သက်တမ်းက ၈ နှစ်ပြည့်မီဆိုပါက လွတ်တော်ကိုဖျက်သိမ်းပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပရမှာဖြစ်ပါတယ်။

.

ဗိုလ်ချုပ်ကြီး (ငြိမ်း)ပရာယွတ် ကျန်အိုချာ ကို (၂၄-၈-၂၀၂၂) မှစ၍ ထိုင်းဝန်ကြီးချုပ်တာဝန်မှ ရပ်ဆိုင်းရန် ထိုင်းအခြေခံဥပဒေတရားရုံးမှ 5:4 မဲဖြင့် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး၊ ဝန်ကြီးချုပ်ရာထူးကို ဆက်လက်ထမ်းဆောင်ခွင့်မရှိတော့ကြောင်း အတိုက်အခံပါတီများ၏အဆိုကို ထိုင်းခြေဥတရားရုံးက လက်ခံခဲ့တာဖြစ်ပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS