28 April 2024

စက်တင်ဘာလ ၂၇ ရက်၊ ၂၀၂၂

ဖရူဆိုမြို့၊ ထီးကူးဆိုရပ်ကွက်အတွင်း စစ်ကောင်စီတပ်နှင့်မြို့မရဲစခန်းမှ ရဲအချို့က ပြည်သူပိုင်နွားများကို ခိုးယူသတ်ဖြတ်၍ ယူဆောင်လာစဉ် မိမိတို့ KNDF တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ထုပြန်ထားပါတယ်။

ယူနီဖောင်းဝတ်အချို့နှင့် အရပ်ဝတ်အချို့ဝတ်ထားသော စစ်ကောင်စီတပ်သားများနှင့် ရဲများအပါအဝင် အင်အား (၁၀) ဦးမှာ ဖရူဆိုမြို့၊ ထီးကူးဆိုရပ်ကွက်အတွင်း ဝင်ရောက်၍ ဒေသခံများပိုင်ဆိုင်သော နွားများကို ခိုးယူသတ်ဖြတ်ကာ ဆိုင်ကယ်သုံးစီးဖြင့် သယ်ဆောင်နေသည်ကို တွေ့ရှိခဲ့ပြီး KNDF B/15 နှင့် B/04 တို့ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်ဟု သိရပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေမှာ ၎င်းတို့ သယ်ဆောင်ခဲ့သော နွားအသေများနှင့်အတူ ဆိုင်ကယ် (၂)စီးအား ထားခဲ့၍ ထွက်ပြေးသွားခဲ့တယ်ဟု သိရပါတယ်။

ဖရူဆိုမြို့၏ အစွန်အဖျားဖက်ရှိ ထီးကူးဆိုရပ်ကွက်ရှိ ဒေသခံများမှာ စစ်ဘေးနှင့် ဝေးရာနေရာများသို့ တိမ်းရှောင်နေကြရ၍ လူနေထိုင်ခြင်းမရှိသော် နေအိမ်များ ၊တိရိစ္ဆာန်များ နှင့် အိမ်တွင်းပစ္စည်းများစွာရှိနေပါတယ်။ စစ်ကောင်စီတပ်သားများမှာ ဒေသခံများ၏ နေအိမ်များအား ဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း ၊ တန်ဖိုးရှိပစ္စည်းများ ၊ တိရိစ္ဆာန်များအား ခိုးယူစားသောက်ခြင်းများကို နေ့စဉ်လုပ်ဆောင်နေတယ်ဟု ဖော်ပြချက်အရ သိရပါတယ်။

သတင်းရင်းမြစ်- KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန

SHARE THIS NEWS

OTHER NEWS