17 May 2024

အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၂

မဲဆောက်-မြဝတီအမှတ် ၁ ချစ်ကြည်ရေးတံတားထိပ် မြန်မာဘက်ခြမ်းကပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ထိုင်းဘက်ကလုံခြုံရေးတင်းကျပ်ထားပြီး ၂၄ နာရီစောင့်ကြည့်နေပါတယ်။

 

 

အဲဒီပေါက်ကွဲမှုဖြစ်တဲ့ညမှာ မဲဆောက်အာဏာပိုင်တွေ ထိုင်းဘက်ခြမ်းကအမှတ် ၁ တံတားထိပ်ကိုရောက်ရှိလာပြီး ထိုင်းဘက်ခြမ်းကပျက်စီးမှု ရှိ၊ မရှိလာရောက်စစ်ဆေးခဲ့သည့်အပြင် စစ်သားတွေလဲထပ်မံရောက်ရှိလာတယ်လို့ မဲဆောက်သတင်းတွေမှာဖော်ပြထားပါတယ်။

 

 

ကရင်ပြည်နယ်မြဝတီမြို့ ထိုင်း-မြန်မာအမှတ်(၁) ချစ်ကြည်ရေးတံတားနားက ကမ္ဘာ့ရတနာဘဏ်ရှေ့ မှာ အောက်တိုဘာလ(၁၅) ရက်နေ့ ည(၇) နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် မြို့တွင်းမှာအပြန် အလှန်ပစ်ခတ်မှုတွေရှိခဲ့ပြီး ကားတွေနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

 

ပေါက်ကွဲမှုဖြစ်ပွားပြီး မနက်ပိုင်းအချိန်မှာတော့ မီးလောင်ထားတဲ့ကားတစ်စီး၊ ပေါက်ကွဲမှုအရှိန်ကြောင့် ကြေမွနေတဲ့ကားတစ်စီးကိုမြင်တွေ့ခဲ့ရပါတယ်။

 

 

ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ဖော်ပြောဆိုတာမရှိသေး သလို ထိခိုက်သူအနည်းငယ်သာရှိပြီး သေဆုံးမှုမရှိဟု သိရပါတယ်။

 

 

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ထိုင်း-မြန်မာ ချစ်ကြည်ရေးအမှတ်(၁) တံတားဂိတ်စခန်းမှာ ဗုံးပေါက်ကွဲခဲ့ပြီးနေအိမ်နဲ့ ကားတွေ ပျက်စီးဆုံးရှုံးတာတွေရှိခဲ့ပါသေးတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓာတ်ပုံ – CJ

SHARE THIS NEWS

OTHER NEWS