27 April 2024

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၂

သင်္ဘောသား ၁၀၆ ယောက်လိုက်ပါလာတဲ့ တော်ဝင်ထိုင်းရေတပ်ရဲ့သင်္ဘောတစ်စီး ဒီဇင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့စပ်ကြားမှာ ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းထန်ချိန်နစ်မြုပ်ခဲ့ပြီး၊ အဲဒီသင်္ဘောပေါ်မှာ လိုက်လာတဲ့ သင်္ဘောသား ၃၁ ဦးပျောက်ဆုံးနေတယ်လို့ ထိုင်းရေတပ်ဘက်က ပြောပါတယ်။

HTMAS စူခိုင်ထိုင် လို့နာမည်ရတဲ့ အဲဒီသင်္ဘောဟာ စက်ရဲ့မီးခိုးထွက်ပြောင်းထဲကို ရေဝင်ရာကနေ တဖြည်းဖြည်းချင်းတိမ်းစောင်းလာပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီခန့်မှာ နစ်မြုပ်သွားခဲ့တာဖြစ်ပြီး၊ အဲဒီသင်္ဘောဟာ အသုံးပြုလာခဲ့တာ ၃၅ နှစ်ရှိပြီလို့သိရပါတယ်။

သင်္ဘောနှစ်မြုပ်ပြီး ၂ ရက်နေ့မြောက်မှာတော့ သင်္ဘောသား ၈၀ ဦးကျော်ကို ကယ်ဆယ်ထားပြီးဖြစ်ပေမဲ့ ၂၀ ဦးကျော်ကတော့ လှိုင်းထန်နေတဲ့ပင်လယ်ပြင်ထဲ ပျောက်ဆုံးနေပြီး ထိုင်းအာဏာပိုင်များဘက်က ၂၄ နာရီရှာဖွေမှုတွေလုပ်ဆောင်နေပါတယ်။

ပျောက်ဆုံးနေတဲ့သူတွေဟာ အသက်ရှင်လျှက်ပြန်တွေ့ပါစေဟု ဆုတောင်းပေးနေကြသလို မိသားစုများကလဲမျော်လင့်နေကြပါတယ်။ ပျောက်ဆုံးတဲ့ညကစပြီး ရှာဖွေမှုစတင်လုပ်ဆောင်ပြီး တနင်္လာနေ့နဲ့အင်္ဂါနေ့မှာ အင်အားထပ်တိုးပြီးဆက်လုပ်နေတယ်လို့ ထိုင်းရေတပ်ဘက်က ပြောပါတယ်။

သင်္ဘောဟာ ကမ်းလွန်ရေမိုင် ၂၀ ခန့်က ထိုင်းပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး၊ သင်္ဘောပေါ်မှာသတ်မှတ်လူဦးရေထက်တင်ဆောင်ထားခြင်းဖြစ်ကာ၊ သက်ကယ်အင်္ကျီများလဲ အလုံလောက်မရှိဘူးဟု သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS