13 May 2024

————-

ဗန်ကောက် ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၃

.

မနေ့က နီပေါနိုင်ငံတွင် လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် ၄၀ ဦးသေဆုံးမှုရှိတယ်ဟု နိုင်ငံခြားသတင်းဌာနများကဖော်ပြထားပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ ၂၀၂၃ မနက်ပိုင်းမှာပျက်ကျခဲ့တာဟု ဆိုပါတယ်။ ပျက်ကျတဲ့လေယာဉ်မှာ ပြည်တွင်းလေကြောင်းလိုင်းဖြစ်ပြီး ပရိုဖရာ့လေယာဉ်ကွင်းနဲ့ ၂ ကီလိုမီတာခန့်ပဲ ဝေးတယ်လို့ သိရပါတယ်။

.

လေယာဉ်ပျက်ကျခဲ့တဲ့ ဗွီဒီယိုမှတ်တမ်းတစ်ခုမှာတော့ မီးလောင်နေတာတွေ့ရပါတယ်။ အဲဒီလေယာဉ်ကျတဲ့နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး အေသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေမှှုဆောင်ရွက်ခဲ့ပါတယ်။

.

ပျက်ကျတဲ့လေယာဉ်နဲ့အတူလိုက်လာတဲ့ ခရီးသည်များမှာ နီပေါနိုင်ငံနှင့်အခြားသောနိုင်ငံသားများလဲလိုက်ပါလာတယ်လို့သိရပါတယ်။ မွေးကင်းစကလေးငယ် ၂ ဦး၊ လေယာဉ်အမှုထမ်း ၄ ဦး၊ နီ​ပေါနိုင်ငံသား ၅၃ ဦး၊ အိန္ဒိယ ၅ ဦး၊ ရုရှား ၄ ဦး၊ အိုင်းရစ် ၁ ဦး၊ ​တောင်ကိုရီးယား ၂ ဦး၊ အာဂျင်တိုင်း ၁ ဦး၊ ပြင်သစ် ၁ ဦး စုစုပေါင်း ၇၂ ဦး လိုက်ပါလာတာလို့ လေကြောင်းလိုင်းပြောရေးဆိုခွင့်ရှိသူ ဆူဒါရှန် ဘာတော်လာက အတည်ပြုပါတယ်။

.

တာဝန်ရှိသူတွေကတော့ သူတို့အနေနဲ့ ရုပ်အလောင်းတွေပြန်လည်ရှာတွေ့နိုင်ဖို့ မျှော်လင့်ထား သလို ဒီလေယာဉ်ပျက်ကျခဲ့ချိန်မှာလည်း ရာသီဥတုအခြေအနေက ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။ လေယာဉ်ဟာ ထိုင်း Nok Air ​လေ​ကြောင်းလိုင်းတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပျံသန်းခဲ့ပြီနောက် Yeti ​လေ​ကြောင်းလိုင်းထံသို့ ​လွှဲ​ပြောင်းခဲ့တာဟု သိရပါတယ်။

Ref/photo ข่าวสารต่างประเทศ

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS