16 February 2026

,

အင်္ဂလိပ်ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးအသင်းဟာ ဒီနှစ်လည်ပိုင်းမှာ ကစားရမယ့် ၂၀၂၃/၂၀၂၄ ရာသီကြိုခြေစမ်းပွဲကို ထိုင်းနိုင်ငံမှာလာရောက် ကစားသွားမယ်လို့ အသင်းရဲ့ထိပ်တန်း သတင်းထောက်က ထုတ်ဖော်ပြောကြားထားပါတယ်။

စီးတီးအသင်းအနေနဲ့ ၁၅ နှစ်အတွင်း ထိုင်းမြေပေါ်ကို ပထမဆုံးအကြိမ် ပြန်လည်ကစားခွင့်ရမယ့် ပွဲစဉ် ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းပြည်တွင်းက ဘယ်အသင်းနဲ့ကစာမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားသွား

တာ မရှိသေးဘူးလို့ သိရပါတယ်။

စီးတီးအသင်းဟာ လာမယ့်ရာသီကြိုမှာ ဂျပန်နိုင်ငံကိုလည်း သွားရောက်ကစားဖို့ အစီအစဉ်ရှိပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS