ဒီဇင်ဘာလမှာကျင်းပမယ့် ၂၀၂၀ ဆူဇူကီးပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့မြန်မာ့လက်ရွေးစင်အသင်းခြေစမ်းပွဲ တာထွက်လှ။
လာမယ့်ဒီဇင်ဘာ ၅ ရက်နေ့ကနေ ဇန်နဝါရီ ၁ ရက်နေ့အထိ စင်ကာပူနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲအတွက် တူရကီနိုင်ငံမှာ စခန်းသွင်းလေ့ကျင့်နေတဲ့မြန်မာ့လက်ရွေးစင်အသင်းဟာ နိုင်ပွဲနဲ့အတူခြေစမ်းပွဲတာထွက်လှခဲ့ပါတယ်။
ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂း၃၀ နာရီအချိန်မှာ တူရကီ Amateur League ကလပ် Manavgat Belediyespor အသင်းနဲ့ခြေစမ်းပွဲကစားရာမှာ (၂-၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းအတွက်အနိုင်ဂိုးကို လူငယ်တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ပွဲချိန် ၄၁ မိနစ်မှာသွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ကွင်းလယ်ကစားသမားမောင်မောင်လွင်က ပွဲကစားချိန် ၆၅ မိနစ်မှာ သွင်းယူခဲ့ပါတယ်။
ဆက်လက်ပြီး ဒုတိယပိုင်းပွဲကစားချိန် ၇၅ မိနစ်မှာ အိမ်ရှင်အသင်းကချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဂျာမန်နည်းပြ အန်တို နီဟေးဦးဆောင်တဲ့ မြန်မာ့ပမာဏလက်ရွေးစင်အသင်းဟာ ပထမပိုင်းမှာ ဂိုး-မျိုးမင်းလတ်၊ နောက်တန်း- အောင်ဝဏ္ဏစိုး၊ ရဲမင်းသူ၊ ဝင်းမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်း- မောင်မောင်ဝင်း၊ နေမိုးနိုင်၊ အောင်နိုင်ဝင်း၊မြတ်ကောင်းခန့်၊ မျိုးကိုထွန်း၊ ရှေ့တန်း- ဝင်းနိုင်ထွန်းတို့နဲ့ပွဲထွက်ကစားခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဂိုး- စိုးအာကာ၊ နောက်တန်း- ဒေးဗစ်ထန်၊ ငြိမ်းချမ်း၊ ဇော်ရဲထွန်း၊ ဝင်းမိုးကျော်၊ အလယ်တန်း- လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ မောင်မောင်လွင်၊ ရှေ့တန်း- သန်းပိုင် တို့ဖြင့် လူအပြောင်းအလဲပြုလုပ်ကာ ပွဲထွကခဲ့ပါတယ်။
တူရကီနိုင်ငံမှာလေ့ကျင့်နေစဉ်ကာလအတွင်းမှာ အာဖရိကအသင်းတစ်သင်းဖြစ်တဲ့ ဘူရန်ဒီလက်ရွေးစင်အသင်းနဲ့လည်ကောင်း၊ တူရကီနိုင်ငံကိုလာရောက်လေ့ကျင့်နေတဲ့ ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှားအသင်းနဲ့လည်ကောင်း နိုင်ငံတကာ (A) အဆင့်ရှိတဲ့ ခြေစမ်းပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
မလေးရှားလိဂ်မှာကစားနေတဲ့ တိုက်စစ်မှူးအောင်ကောင်းမာန်အနေနဲ့ ရက်အနည်းငယ်အတွင်းမှာ တူရကီနိုင်ငံကိုရောက်ရှိလာမှာဖြစ်ပြီး ဟိန်းထက်အောင်ကတော့ ဆူဇူကီးပြိုင်ပွဲမတိုင်မီ လက်ရွေးစင်အသင်းနဲ့ပူးပေါင်းလေ့ကျင့်သွားမှာ ဖြစ်ပါတယ်။
သတင်း ဝမ်းဇီး