15 February 2026

,

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာ ဒဏ်ရာကြောင့ လိုက်ပ်ဇစ်အသင်းနဲ့ပွဲကို လွဲချော်မည်

■ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး နေမာဟာ အင်္ဂါနေ့မှာ ကစားမယ့် လိုက်ပ်ဇစ်အသင်းနဲ့ပွဲမှာ ဒဏ်ရာ ကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ ပီအက်စ်ဂျီအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

နေမာဟာ ဥရုဂွေးအသင်းနဲ့ဘရာဇီးလ်အသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး တော့ ဒဏ်ရာကြောင့် ရက်အနည်းငယ်အနားယူရမှာဖြစ်တဲ့အတွက် လိုက်ပ်ဇစ်အသင်းနဲ့ပွဲကိုလွဲချော်ခဲ့ တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ နေမာကို လိုက်ပ်ဇစ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ပွဲကစား ဖို့စိတ်ချရတဲ့အနေအထားမဟုတ်တာကြောင့် ထည့်သွင်းမကစားဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နေမာဟာ တစ်ပတ်ခန့်အနားယူရနိုင်ဖွယ်ရှိနေပါတယ်။တကယ်လို့ ဒဏ်ရာကမသက်ခဲ့ရင် နေမာဟာ အောက်တိုဘာ ၂၄မှာကစားမယ့် မာဆေးလ်အသင်းနဲ့ပွဲကိုလည်း လွဲချော်နိုင်ဖွယ်ရှိနေပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၇ပွဲမှာ ၁ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။

Like & Share လုပ်ထားကြဖို့မမေ့ကြေးနော်

SHARE THIS NEWS

OTHER NEWS