2 January 2026

နိုဝင်ဘာ ၃ ရက်၊ ၂၀၂၂

ဗန်ကောက်ရှိမြန်မာသံရုံးမှာ PJ ပတ်စပို့စာအုပ်လာရောက်ပြုလုပ်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကိုပါ တစ်ပါတည်း လုပ်ဆောင်ပေးမည်ဟု ဗန်​ကောက် မြန်မာသံရုံး၏ ဖေ့ဘွတ်ခ်စာမျက်နှာတွင် အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပတ်စပို့စာအုပ်နှင့်တူပြုလုပ်ပေးမည့် OWIC ကတ်မှာ ပြည်ဝင်/ပြည်ထွက်သည့်နေရာတွင် အရေးပါကြောင်းဖော်ပြထားပါတယ်။ အကယ်၍ OWIC မပါဘဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွမှာ အခက်ခဲရှိနိုင်ပါတယ်။

ထို့ကြောင့် ထိုင်းရှိမြန်မာနိုင်ငံသားများကို ပတ်စပို့စာအုပ်ထုတ်ပေးရာတွင် OWIC ကတ်ကိုပါ တစ်ပါတည်းပြုလုပ်ပေးမည်ဟု ဖော်ပြချက်အရ သိရပြီး။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင်၍ PJ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ထားသူများမှာလဲ ၄င်းကတ်ကို မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ပြုလုပ်ရန် မလိုအပ်ဘဲ မဟာချိုင်ရှိ TDCC ရုံး၌ သွားရောက်ဆောင်ရွက်ပါတယ်။ ကတ်ကို နေ့ချင်းပြီးပြုလုပ်ပေးမည်ဟု သိရပါတယ်။

SHARE THIS NEWS

OTHER NEWS