စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၂
ငြီးထွားသံတွေဟာ နံရံအခြားတဖက်ကိုထိကိုကြားနေရပါတယ်။ အဲဒီနေ့ရဲ့ မနက်ခင်းအချိန်မှာ နိုးထလာတဲ့ အချို့သူတွေက “တောက်” ဒီခေတ်က အာဏာရှင်တွေရှိသေးတယ်လို့ကွာ ဆိုပြီဒေါသထွက်နေကြသလို ဒီနေ့အထိလဲ ထိုဒေါသမီးက အာဏာရှင်ရဲ့အကြမ်းဖက်ကိုင်တွယ်နေပုံကိုမြင်တော့ တောက်လောင်နေကြဆဲဖြစ်ပါတယ်။
အဲဒီနေ့မှာ လမင်းကြီးကောင်းကင်ပေါ်ကနေ ပျောက်ကွယ်သွားသလို ခံစားနေကြရပါတယ်။ အိမ်မက်များလာ မဖြစ်နိုင်ပါဘူး သတင်းတွေကြားကြားချင်း ကိုယ့်ကိုယ်ကိုပြန်မေးနေကြသူလဲရှိခဲ့တယ်။ အမေရေ အဖေရေ တကယ်သိမ်းလိုက်တာဟုတ်လား၊ သေချာလားပေါ့။
ဟုတ်ပါတယ် လမင်းကြီးကောင်းကင်ပေါ်ကနေပျောက်သွားတာမဟုတ်ပါဘူး၊ တိမ်ညှိတွေဖုံးထားလို့ အလင်းမပေးနိုင်တော့တာပါ။ ဘယ်နေရာမှာတိမ်ဖုံးနေလဲဆိုတာ ဘယ်သူမှမသိကြပါဘူး။
အဲဒီနေ့ဟာ အားလုံး အမှောင်ကိန်းဆိုက်နေတဲ့အချိန်ပါ။ ဒီနေ့အထိလဲအမှောင်ကျနေဆဲဖြစ်ပါတယ်။ ဖေဖော်ဝါလ ၁ ရက်နေ့ဟာ တိုင်းပြည်အမှောင်ကျတဲ့နေ့ပါ။ အရာအားလုံးနောက်ပြန်ဆုတ်သွားပါပြီ၊ နိုင်ငံတကာနဲ့ယှဉ်ရင် ဘာမဆိုအောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။ ပြည်သူတွေမှာလဲ ကုန်းကောက်စရာမရှိလောက်အောင်ဖြစ်နေပါပြီ။
တိုင်းပြည်တွင်းမှာ ဘာမဆိုအတက်ဘက်ကိုရှိနေပါတယ်။ ဆန်ဈေးတက်၊ ဆီဈေးတက်၊ အစစအရာရာဈေးတက်နေသည်သာမက ဆီတိုးစောင့်နေရတဲ့နေ့မျိုးကိုရောက်လာပြီဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် ငြီးထွားသံတွေဟာ နံရံရဲ့အခြားတဖက်အထိကြားနေရသလို အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့အခြေအနေဟာ မြင်မြင်သမျှ ရင်တွေကွဲရပါတယ်။
.
ကိုချစ် ဇွဲကပင်မြေ (ဆောင်းပါး)