27 April 2024

နိုဝင်ဘာ ၈ ရက်၊ ၂၀၂၂

မြို့ကြီးတွေမှာ ထောက်လှမ်းရေးအဖွဲ့တွေပေါများနေပြီး ဆန့်ကျင်ရေးလှုပ်ရှားတဲ့ လူငယ်တွေမကြာခဏဖမ်းဆီးနိုင်ခဲ့ပေမယ့်၊ မြို့လယ်ခေါင်မှာ အတင့်ရဲလာတဲ့ ဒုစရိုက်မှုတွေကိုတော့ ထိရောက်တဲ့နှိမ်နှင်းမှုတွေ ပြုလုပ်တာမတွေ့ရဘူးဟု ဝေဖန်ပြောဆိုနေကြပါတယ်။

.

ထိုကြောင့် မြို့ကြီးနေရာမှာ နေ့စဉ်ခါးပိုက်နိုက်မှု၊ လုယက်မှု၊ ခိုးမှုနဲ့ ကျူးလွန်ရာကနေ ဓါးပြမှု လူသတ်မှုတွေအထိရှိလာပြီး ပြည်သူများမှာ အသက်လုံခြုံမှုမရှိတော့တဲ့အပြင် ဆိုင်ခန်းထဲ နေအိမ်တွေထဲမှာတောင် တစ်ယောက်ထဲနေထိုင်သွားလာလို့ မရဲတော့တဲ့အခြေအနေကိုရောက်နေတယ်လို့ လူမှုကွန်ရက်များပေါ်ကနေ ဝေဖန်ပြောဆိုသတိပေးနေကြပါတယ်။

.

လွန်ခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့တွင် နေပြည်တော် ပျဉ်းမနားရှိတဲ့ သီတာအောင် သစ်ခွခြံထဲကို အမျိုးသား ၂ ယောက်ရောက်လာပြီး၊ ဆိုင်ရှင်အမျိုးသမီးဖြစ်သူဆီက ဓါးနဲ့ထောက်ပြီး ဖုန်း ၂ လုံးနဲ့ ဆွဲကြိုးလုယူမှုဖြစ်ပွားခဲ့ပါတယ်။

.

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းဝန်းကျင်မှာရှိတဲ့ သစ္စာ အိမ်ဆောက်ပစ္စည်းအရောင်းမှာ လူငယ် ၃ ယောက်က ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ထဲမှာထိုင်နေတဲ့ အမျိုးသား ၂ ယောက်ကို ဓါးပြပြီးခြိမ်းခြောက်တယ်၊ ပြန်ခုခံတော့ ပေါင်ရင်းကို ၂ ချက်လောက် ဓါးနဲ့ထိုးပြီး ဆိုင်ရှင်ကို ငြိမ်ငြိမ်နေခိုင်းတယ်။ အဲဒီနောက် ဆိုင်ရှင်ဖြစ်သူမှာ အသက်ကိုငွေလဲ လှဲခဲ့ရပါတယ်။ ဒီလုယက်မှုမှာ ကားတစ်စီး၊ ငွေကျပ် သိန်း ၅ ရာခန့်နဲ့ လက်ကိုင်ဖုန်းတွေ ပါသွားပါတယ်။

.

ထို့အတူ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဓါးပြတိုက်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့ နေ့လည်ပိုင်းအချိန်မှာဝင်တိုက်တာပါ။ ကျူးလွန်သူ ၂ ဦး ဆိုင်ထဲကိုဝင်လာရောက်လာပြီး ရုံးခန်းနားရောက်တော့ သေနတ်ပြပြီးတိုက်သွားတာဟု သိရပါတယ်။ ဒီအမှုမှာတော့ သိန်း ၃၀၀ ကျော်ပါသွားတယ်ဟု ဧရာဝတီသတင်းကဖော်ပြထားပါတယ်။

.

လက်ရှိတွင် လုံခြုံရေးအားနည်းနေတဲ့ မြို့ကြီးတွေမှာ ဓားပြတိုက်မှု၊ ခါးပိုက်နှိုက်မှု၊ ဆိုင်ကယ်လုမှု၊ ငွေသားနှင့် ပစ္စည်းများ လုယက်မှုများအပြင် သတ်ဖြတ်မှု များပါ စစ်အာဏာသိမ်းပြီးသည့် နောက် ပိုင်းတွင် ခပ်စိပ်စိပ်ဖြစ်ပွားလာကြောင်း သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

သစ်ခွခြံတွင် ဓါးပြဝင်တိုက်ခဲ့သည့်ပုံ

SHARE THIS NEWS

OTHER NEWS