28 April 2024

ကာကွယ်ဆေးအကြိမ်ရေပြည့်ထိုးနှံထားသူများကို ကျူဝင်ရန်မလိုဘဲ ယခုမတ်လလယ်ပိုင်းတွင် Vaccinated Travel Lane (VTL) လမ်းကြောင်းဖြင့်ဝင်ထွက်ခွင့်ပြုရန် ထိုင်းနှင့်မလေးရှားအာဏာပိုင် သဘောတူ။

ကာကွယ်ဆေးအကြိမ်ရေပြည့်ထိုးနှံထားသူများကို ကွာရန်တင်းဝင်ရန်မလိုဘဲ Vaccinated Travel Lane (VTL) လမ်းကြောင်းဖြင့်ဝင်ခွင့်ပြုရန် ထိုင်းအစိုးရနှင့်မလေးရှားအစိုးရတို့က သဘောတူညီခဲ့ကြသည်ဟုထိုင်းအစိုးရ၏ပြန်ကြားရေးဌာနကဖော်ပြထားသည်။

 

 

အဆိုပါ သဘောတူညီချက်ကို ယခုမတ်လလယ်ပိုင်းတွင်စတင်အကောင်အထည်ဖော်ဆောင်နိုင်ရန် မြေပြင်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နှစ်နိုင်ငံတာဝန်ရှိသူများက အပြန်အလှန်ညှိနှိုင်းဆွေးနွေး နေသည်ဟု ဖော်ပြထားသည်။

ကနဦးတွင် VTL လမ်းကြောင်းဖြင့်ဝင်ထွက်ရာတွင် ကွာလာလာမ်ပူ-ဗန်ကောက်ခရီးစဉ်အတွက် နေ့စဉ် ခရီးစဉ် ၆ ခုအထိပြေးဆွဲရန် သဘောတူညီထားပြီး ကွာလာလာမ်ပူ-ဖူကက်ခရီးစဉ်အတွက် နေ့စဉ် ခရီးစဉ် ၄ ခုအထိ ပြေဆွဲရန်သဘောတူညီထားသည်ဟု ဆက်လက်ဖော်ပြထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS