အမေစုနဲ့အတူနေထိုင်သူအချို့မှာ ကိုဗစ်၁၉ တွေ့ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် အရင်ပတ်က ကြာသပတေးနေ့ကတည်းက ရုံးချိန်းတက်ရောက်ခြင်းမရှိသလို တနင်္လာနဲ့အင်္ဂါနေ့တွင် ပြုလုပ်သည့်ရုံးချိန်းကိုလည်း မတက်ရောက်နိုင်ခဲ့ပါ။ မတ်လ ၃၁ ရက်နေ့မှာတော့ ရုံးချိန်းတက်ရောက်နိုင်ခဲ့ပြီးအမေစုမှာ ကျန်းမာရေးကောင်းမွန်ကြောင်း သတင်းရင်းမြစ်များကဖော်ပြထားပါတယ်။