27 January 2026

KNU တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်၊ တိုက်ပွဲတွင် စစ်တပ်တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးမှု အပါအဝင် စစ်တပ်ဘက်မှ ၂၀ နီးပါးသေဆုံးပြီး ၂၃ ဦးအရှင်ဖမ်းမိကြောင်း လေးကေ့ကော်သတင်းရင်းမြစ်က ဖော်ပြထားပါတယ်။

 

 

တိုက်ပွဲတွင် စစ်တပ်ဘက်က ၂၀နီးပါး သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ ဘယ်အဆင့်တွေဆိုတာတော့ အတည်ပြုဖို့ခက်ပါတယ်။ အရာရှိတွေလည်းပါတယ်။ အရှင် ၂၃ ယောက်မိပါတယ်။ လို့ လေးကေ့ကော်သတင်းရင်းမြစ်က ဆိုပါတယ်။

 

 

စစ်တပ်စစ်ကြောင်းမှူး၊ တပ်ရင်းမှူး စနိုက်ပါမိ၍ သေဆုံးသွားတယ်လို့ အတည်ပြုကြပါတယ်။ စစ်ကြောင်းမှုး နာမည်မသိသေးဘူး” ဟု သတင်းရင်းမြစ်ကဆိုပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် လေးကေ့ကော်မြို့သစ်တွင် ညပိုင်း တိုက်ပွဲဆက်ဖြစ်ခဲ့၍ နေအိမ်အချို့မီးလောင်ပြီး ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေရကြတယ်လို့ DVB သတင်းက ဖော်ပြထားပါတယ်။

.

ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။ Andrew KC

SHARE THIS NEWS

OTHER NEWS