ဓာတ်ပုံ Luciano Wailwin
အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသူများကို ထိုင်းအစိုးရမှ ကိုဗစ်-၁၉ ပတ်စပို့ထုတ်ပေးလျက်ရှိ။
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားသူများကို ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရောဂါထိန်းချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားကြောင်း ထောက်ခံချက်လက်မှတ် (Covid-19 Certificate of Vaccination) အများအခေါ် ကိုဗစ်-၁၉ ပတ်စပို့စာအုပ်များထုတ်ပေးနေသည်ဟု Luciano Wailwin လူမှုကွန်ရက်အကောင့်တွင်ဖော်ပြထားသည်။
“ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများကို Covid-19 Vaccine အဝါရောင် Passport စာအုပ်များ ထုတ်ပေးလျက်ရှိတယ်လို့သိရပါတယ်”ဟု ဖော်ပြထားသည်။
လျှောက်ထားလိုသူများအနေဖြင့် ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံထားကြောင်း ဆေးရုံ သို့မဟုတ် ကာကွယ် ဆေးစုရပ်မှထုတ်ပေးထားသည့် အထောက်အထား၊ ပတ်စပို့စာအုပ်၊ ခရီးသွားမည့်အထောက်အထား ဉပမာ လေယာဉ်လက်မှတ် သို့မဟုတ် ကာကွယ်ဆေးပတ်စပို့လျှောက်ထားလိသည့်အကြောင်းရင်း တို့ကို တင်ပြရမည်ဟု ရေးသားထားသည်။
ထိုင်းနိုင်ငံတွင်ကာကွယ်ဆေးထိုးနှံထားသည့် မည်သည့်နိုင်ငံသားမဆို ထုတ်ယူနိုင်သည်ဟု ဆိုသည်။
မြို့တော်ဗန်ကောက်အနောက်မြောက်ဘက်ရှိ နွန်ထဘူရီတွင်တည်ရှိသော Bamrasnaradura Diseases Institute တွင်သွားရောက်လျှောက်ထားနိုင်သည်ဟု ဆက်လက်ဖော်ပြထားသည်။
သတင်း ရွှေကရင် (ရာမညမြေ)