စက်တင်ဘာ ၉ ရက်၊ ၂၀၂၁
လူမှုကွန်ရက်မီဒီယာမှတဆင့်လိုက်ဖ်လွှင့်၍ဟောပြောသောထိုင်းနာမည်ကြီးခေတ်သစ်တရားဟောဆရာတော်နှစ်ပါး လွှတ်တော်သို့ပင့်ခေါ်ခံရ။
ပြီးခဲ့သည့်ရက်ပိုင်းတွင် လူမှုကွန်ရက်မီဒီယာမှတဆင့်လိုက်ဖ်လွှင့်ပြီး တရားဆွေးနွေးသည့် ထိုင်း ခေတ်သစ်တရားဟောဆရာတော်နှစ်ပါးဖြစ်သည့်
ဖရာ့မဟာစွမ်းပွန်နှင့်ဖရာ့ဖရိုင်ဝမ်တို့ကို ရှင်းချပေးရန် ထိုင်းအောက်လွှတ်တော် သာသနာ၊ အနုပညာနှင့်ယဉ်ကျေးမရေးရာကော်မရှင် မှပင့်ခေါ်ခဲ့
သည်ဟု သိရသည်။
တရားဟောဆရာတော်နှစ်ပါး၏လိုက်ဖ်အစီအစဉ်သည် ထိုင်းပြည်သူတစ်ရပ်လုံး၏စိတ်ဝင်စားမှုကိုအလွန်အကျွံရရှိခဲ့ပြီး ရဟန်းဝိနည်းနှင့်သင့်
လျော်မှုရှိမရှိမေးခွန်းထုတ်ခံရပြီးနောက် ရှင်းချက်ပေးရန်အောက်လွှတ်တော်မှ ပင့်ခေါ်ခဲ့သည်ဟု သိရသည်။