4 May 2024

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ် တွင် Toulon မြို့တော်ဝန်က ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည့် သီလရှင် အန်ဒရီ ကွယ်လွန်ကြောင်း ကြေညာခဲ့ပါတယ်။

 

 

သီလရှင် အန်ဒရီ သို့မဟုတ် လူစီးရန်ဒန် ဟာ ဖေဖော်ဝါရီ ၁၁ ရက်၊ ၁၉၀၄ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ်။ သူမက ကက်သလစ် သီလရှင်ဘဝကို မခံယူခင်မှာ ဒုတိယကမ္ဘာစစ်အတွင်း ကလေးငယ်တွေကို ကူညီစောင့်ရှောက်ပေးခဲ့ပြီး ဆေးရုံမှာ မိဘမဲ့ကလေးများနှင့် သက်ကြီးရွယ်အိုများကို ဆေးရုံများတွင် ၂၈ နှစ်ကြာ ပြုစုစောင့်ရှောက်ခဲ့တာပါ။

မှတ်တမ်းဟောင်း ကိုင်ဆောင်ထားတဲ့ ဂျပန်အမျိုးသမီး Kane Tanaka အသက် ၁၁၉ နှစ်တွင် ကွယ်လွန်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် သီလရှင် အန်ဒရီ ဟာ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

 

 

အဖြစ်မှန်- ဂင်းနစ်မှတ်တမ်းဝင်ခဲ့သည့် ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်မှာ ပြင်သစ်အမျိုးသမီး ဂျင်းနီကယ်လ်မန့်ဖြစ်ပါတယ်။ သူမက ဖေဖော်ဝါရီ ၂၁၊ ၁၈၇၅ တွင် မွေးဖွားပြီး အသက် ၁၂၂ နှစ်နှင့် ၁၆၄ ရက်၌ သြဂုတ် ၄ ရက်၊ ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS